ချင်းမျိုးနွယ်စုအသီးသီးကို မွှေနေသော CNF/CNA

•၁၉၆၃ ခုနှစ် ဗမာ့တပ်မတော် စစ်ဦးချုပ် ဦးနေဝင်းမှ အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ၁၉၈၈ မတိုင်မီအထိ Chin Hills မှာ Chins တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ခိုင်ခိုင်မာမာ ရပ်တည်ဖွဲ့စည်းနိုင်ခဲ့ခြင်းများ မရှိခဲ့ပေ။

• ၁၉၆၃/၁၉၈၈ ခုနှစ်တွင် ဗမာ့ကျောင်းသားများအရေးခင်းဖြစ်ပေါ်သည့်နောက်ပိုင်း Chin Hills ဒေသမှ ချင်းကျောင်းသားများသည်လည်း ပြည်ပနိုင်ငံအသီးသီးများသို့ နိုင်ငံရေးခိုလုံခဲ့ကြကာ ထိုင်းနိုင်ငံတွင် Salai Myo Aye ဦးဆောင်သော Chin National Organization (CNO), Pu Mang Khan Pau ဦးဆောင်သော Zomi Liberation Front (ZLF)နှင့် အိန္ဒိယနိုင်ငံl မီးဇိုရမ်ပြည်နယ်တွင် Pu Mang Tling ဦးဆောင်သော Chin Democratic Party (CDP), Pu Hlan Thang ဦးဆောင်သော Chin Regulation Force(CRF), Pu Tial Khal ဦးဆောင်သော Chin National Front (CNF),Pu Sang Hlum, Pu Zing Cung,Pu Sui Khar တို့ ဦးဆောင်သော Burma Democratic Front (BDF)တို့အား Pu Tial Khai ဦးဆောင်သော CNF နှင့် Pu No Than Kap စုစည်းခဲ့သော Chin National Army(CNA)များသို့ ၁၉၈၈ ခုနှစ်l နိုင်ဝင်ဘာလ ၁၄ ရက်နေ့တွင် သွေးစည်းညီညွတ်စွာဖြင့် အားလုံးစုစည်းလာနိုင်ခဲ့ကြသည်။

•၄င်း စုစည်းနိုင်ခဲ့ကြသည့် ၁၉၈၈ ခုနှစ်l နိုင်ဝင်ဘာလ ၁၄ ရက်နေ့မှ ၁၉၉၂ ခုနှစ်l ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ (၄)နှစ်
ကြာ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ချင်းအမျိုးသားတပ်မတော်(CNA)အား Chin Hills(ချင်းတောင်)ဒေသအသီးသီးအား ကိုယ်စားပြုနိုင်သည့် အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ သို့သော်လည်း Burma Democractic Front အဖွဲ့သား Pu Zing Cung များမှ CNF/CNA ဥက္ကဌ Pu No Than Kap အား ပစ်သတ်(အာဏာ)သိမ်းရန် ကြံစဉ်လုပ်ဆောင်ခဲ့ရသဖြင့် ၁၉၉၂ ခုနှစ်l ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Chin တောင်ကိုယ်စားပြုနေသော CNF/CNA အဖွဲ့အစည်းအား အသီးအသီး အမွာမွာ ပြိုကွဲလာခဲ့ကြပြီး ဖလမ်းသားနှင့် တီးတိန်(Zomi)သားများအဖွဲ့သည် CNF/CNA မှ အသီးသီး ရပ်နားခဲ့ကြသည်။ ထို့နောက် CNF/CNA တွင် Burma Democratic Front ဦးဆောင်သော ဟားခါးအဖွဲ့နှင့် အခြားသော မျိုးနွယ်စုအနည်းငယ်အဖွဲ့များသာ ကျန်ရှိပြီး ယနေ့အထိ CNF/CNA အား ဦးဆောင်မှု ပြုလျက်ရှိပါတော့သည်။
• ၁၉၉၂ ခုနှစ်l ဒီဇင်ဘာ ၁၂ ရက်နေ့မှာ CNF/CNA အဖွဲ့အစည်းအတွင်း၌ အချင်းချင်း အာဏာသိမ်းမှုများဖြစ်ပေါ်လာခဲ့ပြီးနောက် CNF/CNA တော်လှန်ရေးအဖွဲ့အစည်းသည်
ချင်းပြည်နယ်တစ်ခုလုံးအား ကိုယ်စားပြုနိုင်ခြင်းမရှိတော့ပဲ CNF/CNA ထောက်ခံသူများအဖွဲ့အစည်းကိုသာ ကိုယ်စားပြုသော ချင်းအမည်ခံ CNF/CNA တပ်အဖြင့်၌သာ ရပ်တည်ခဲ့ကြသည်။
• ၁၉၉၂ ခုနှစ်မှ ၂၀၀၉ ခုနှစ် နောက်ပိုင်းအထိ CNF/CNA သည် စစ်အာဏာရှင် ဗမာ့တပ်မတော်ကဲ့သို့ ဟားခါးမြို့နယ်l ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်အတွင်းရှိ ကျေးလက်နေ ဆင်းရဲသားကျေးရွာပြည်သူလူထုများထံမှ လက်နက်ပြ/ဓါးပြပြီး ငွေကြေးကောက်ခံခြင်းl ကျေးလက်နေပြည်သူများအား အမျိုးမျိုး ရိုက်နက်ခြင်းl သတ်ဖြတ်ခြင်းl ကျေးရွာအသီးသီးရှိ အိမ်မွေးတိရိစ္ဆာန်များကို ပစ်သတ်စားသောက်ခြင်းနှင့် အမျိုးမျိုးသောင်းကျန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ကျေးလက်နေဆင်းရဲသား မိဘပြည်သူများမှ စစ်အာဏာရှင် ဗမာ့တပ်တော်ကဲ့သို့ CNF/CNA အဖွဲ့အစည်းအား နှစ်စဉ်နှစ်တိုင်း ကြောက်ရွေ့နေရသဖြင့် ဘေးလွတ်ရာ ဒေသအသီးသီးများသို့ ထက်ပြေး ပုန်းစောင်နေခဲ့ကြရသည့်အပင် ချင်းသူပုန်ဟုလည်း ခေါ်ဆိုခဲ့သူ မနည်းခဲ့ပေ။
• ၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာပြီး ၂၀၁၁ ခုနှစ်l သြဂုတ်လ ၁၈ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးစာချုပ်(NCA)လက်မှတ်ထိုးကြရန် ဖိတ်ကြားခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၅)ဖွဲ့နှင့်တစ်ဖွဲ့ချင်း ပြည်နယ်အဆင့်l ပြည်ထောက်စုအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်(၃၉)ခုကို ချုပ်ဆိုခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ အဆိုပြုချက်အရ စုဖွဲ့ဆွေးနွေးပွဲများကို ၂၀၁၃ ခုနှစ် l နိုဝင်ဘာ ၄ ရက်နေ့တွင် စတင်ဆွေးနွေးခဲ့ပြီး NCA သဘောတူညီချက်စာချုပ်ကို ၂၀၁၅ ခုနှစ်l သြဂုတ်လ (၇)ရက်နေ့တွင် ပြီးစီးခဲ့သည်။
• ထိုအချိန်၌ ချင်းပြည်နယ်မှ CNF/CNA အမည်ခံအုပ်စုတစ်ခုသည် လူအင်း(၂၀၀)ခန့်လောက်သာတည်ရှိပြီး NCA လက်မှတ်ရေးထိုးမည့်အချိန်တွင် "ခင်ဗျားတို့ CNF/CNA ဟာ ချင်းလူမျိုးကိုယ်စား မဟုတ်ဘူး။ ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအား ကိုယ်စားပြုနိုင်ဖို့အတွက် မျိုးနွယ်စုအဆင့်/ မြို့နယ်အဆင့် သဘောတူညီမှုမှတ်တမ်းတွေနှင့် လာရောက်ဆွေးနွေးတင်ပြပါ"ဟု ညွှန်ကြားလိုက်သည့်အခါ CNF/CNA အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ သူတို့ဆွဲခေါ်နိုင်သည့် လူဂ္ဂိုလ်များကို CNF/CNA အထဲသို့ ဆွဲခေါ်ပြီး ဗမာ့တပ်မတော်၏ လမ်းညွှန်မှုပြုသည့်အတိုင်း NCA လက်မှတ်ကို ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စားအမည်ခံအဖြင့် လက်မှတ်ထိုးခဲ့ကြပါသည်။ သုိ့သော် NCA လက်မှတ်သည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း၏ သဘောတူညီချက်များ မပါရှိပေ။
• NCA လက်မှတ်ထိုးခဲ့ကြပြီးနောက် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးများတွင် စီးပွားရေးကုန်သွယ်ရေးရုံးဖွှင့်လှစ်ရန်ကြိုးစားလာခဲ့ကြပြီး ဖလမ်းမြို့နှင့် တီးတိန်မြို့များတွင် ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်ရန်အတွက် ကန့်ကွက်ခြင်းခံခဲ့ရသဖြင့် ဖွင့်လှစ်နိုင်ခြင်းများမရှိခဲ့ပေ။ သို့သော်လည်း ဖလမ်းမြို့နယ်l ရိဒ်ခေါ်ဒါရ် အမှတ်(၂)ရပ်ကွက်တွင် ကုန်သွယ်ရေးရုံးများဖွင့်လှစ်ခဲ့ပြီး ယင်းမှတစ်ဆင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမဖြစ်ပေါ်လာမှီအထိ CNF/CNA အမည်ခံအဖြင့် NCA လက်မှတ်တွင် ပါဝင်ခဲ့သူ ပုဂ္ဂိုလ်များအားလုံးလိုလိုသည် NGO/INGO နှင့် ကိုယ်ကျိုးစီးပွားရေး အသီးသီးသာ ရှာခဲ့ကြပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် CNF/CNA အဖွဲ့အစည်းသည် Hakha/Thantlang နယ်သားအများဆုံးသာ ပါဝင်သည်ကို သိရှိရသည့်အတွက် ချင်းပြည်နယ်l ထန်တလန်မြို့နယ်l လက်ရှိ Campa Victoria ဒေသအနီးကျေးရွာ(၇)ရွာကျော်လောက်ကိုသာ CNF/CNA ၏ ထိန်းချုပ်နယ်မြေအဖြင့် သတ်မှတ်ပေးခဲ့လိုက်ပါည်။ ယင်း CNF/CNA Camp ၌
ထန်ထလန်မြိ့ရှိ စကစတပ်အဖွဲ့များနှင့် အကြိမ်ကြိမ်လာရောက်ပြီး အပြန်အလှန် ရင်းနှင်းမှုဆုပေးပွဲများကိုလည်း ပြုလုပ်ခဲ့ကြသည်။
• ထို့နောက် ၂၀၁၃ -၂၀၁၉ ခုနှစ်အကြားတွင် ချင်းပြည်နယ်l မြို့နယ်အလိုက် ကျေးလက်နေကျေးရွာအသီးသီးများသို့ သွားရောက်ပြီး CNF/CNA တပ်ထဲသို့ ဝင်ရောက်လိုပါက ဘာညာပိုက်ဆံပေးမည်စသဖြင့် အမျိုးမျိုးသွေးဆောင်ပြီး တပ်သားသစ် စုဆောင်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ တစ်ချို့သည် CNF/CNA ထဲသို့ ဝင်ရောက်ခဲ့သည်။
• ၂၀၂၁ ခုနှစ် NLD နှင့် USDP(ဗမာ့တပ်မတော်ပါတီ)အချင်းချင်းကြား အာဏာသိမ်းမှုများဖြစ်ပေါ်သည့်အခါ ထန်တလန်အခြေချ CNF/CNA အဖွဲ့အစည်းသည် NCA လက်မှတ်
တွင် ပါဝင်ခဲ့သည့် Chin အမည်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့်
အတွက် ဒေသအလိုက်/ မြို့နယ်အလိုက် စကစအား စတင်
တော်လှန်တိုက်ခိုက်နေသည့်အချိန်တွင် ၄င်းအား ပါဝင်ခဲ့ခြင်းများ မရှိခဲ့ပေ။ သို့သော်လည်း နောက်ပိုင်းတွင် အခြေအနေဆိုး
ဝါးလာသည့်အခါ NCA လက်မှတ်ထိုးခြင်းအား ရုတ်သိမ်းကြောင်းကြေညာပြီး ယင်းမှစတင်ပြီး နွေးဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ စကစအား တိုက်ခိုက်ပါဝင်လာခဲ့ပါသည်။
• တစ်ဘက်တွင် ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်
အတွင်းရှိ ချင်းလူမျုိုးနွယ်စုများကို CNF/CNA မှ မိမိ လက်ကိုင်အသုံးချနိုင်ရေးအတွက် CDF- lautu, CDF- Zophei, CDF- Mara, CDF- Senthang, CDF-Daai စသဖြင့် အသီးသီး မွေးထုတ်ပေးခဲ့ပါသည်။
နောက်ဆုံးဖလမ်းမြို့နယ်နှင့် Tedim/Tonzang အတွင်းရှိ CDM-Siyin,CDF- Thahdo/ Zo , CDF -Hualngo နှင့် CDF- Zanniat တို့ကိုလည်း မွေးထုတ်ပေးခဲ့သည်။ လက်ရှိတွင်လည်း ဖလမ်းမြို့နယ်အတွင်းရှိ ငွန်းမျိုးနွယ်စုများကိုလည်း လက်ကိုင်အသုံးချနိုင်ရေးအတွက် ငွန်းလက်နက်ကိုင် တည်ထောင်ဖို့ရန်အတွက် အမျိုးမျိုးကူညီစည်းရုံးခြင်းများလည်း လုပ်ဆောင်လာခဲ့ကြသည်ကို သိရသည်။
ထိုကဲ့သို့ မျိုးနွယ်စုအား လက်ကိုင်အသုံးချနိုင်ရန်အတွက် မွေးထုတ်ထားခဲ့ခြင်းသည် ခေတ်အဆက်ဆက် ဗမာ့တပ်မတော် ဦးနေဝင်း၏ သူ့ထက် သာလွန်သော အဖွဲ့အစည်းတစ်ခုအား မပေါ်ပေါက်လာနိုင်ရေးအတွက် မဟာလူမျိုးကြီးဝါဒ ကျင့်သုံး သကဲ့သို့ CNA မှ ကျင့်သုံးနေပါသည်။ ယင်းဓလေ့ကို လက်ရှိ CNF/CNA က ငါတို့သာ ချင်းပြည်နယ်ကိုယ်စား။ ငါတို့သာ ချင်းလူမျိုးကိုယ်စား။ ငါတို့ကသာ ချင်းပြည်ကို ဦးစီးဦးဆောင်ရမည်။ စိုးမိုးရမည်။ ငါတုိ့ထက် သာလွန်သော ချင်းလက်နက်ကိုင်အဖွဲ့အစည်းအား မပေါ်ထွက်စေရဟု ဝါဒကို အတည်ဆွဲကိုင်ပြီး နေရာတကာတိုင်းတွင် ဝင်ရောက် လျာရှည်
ပါဝင်ချင်နေသည်ကို တွေ့ရသည်။
• စကစကို ချင်းပြည်နယ်အတွင်းမှ စုပေါင်းတိုက်ထုတ်ရမည့်အစား CNF/CNA က ချင်းမျိုးနွယ်စုအသီးသီးများကို လက်ကိုင်အသုံးချပြီး CNF/CNA ၏ တပ်အင်အားဖြည့်တင်းတည်ဆောက်ရေးနှင့် CNF/CNA ကသာ ချင်းပြည်နယ်မြို့နယ်အသီးသီသို့ စိုးမိုးအာဏာတည်ဆောက်နိုင်မည်ဆိုသည့် လမ်းစဉ်ဘက်များကိုသာ မရိုးမသားစွာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားအားထုတ်နေလျက်ရှိပါသည်။
ချင်းပြည်နယ်အတွင်းရှိ ချင်းမျိုးနွယ်စုများကိုလည်း အချင်းချင်းအား သူ့ဘက်ကိုယ့်ဘက်ပါလာအောင် အမျိုးမျိုးမွှေနေကြသည်ကိုလည်း တွေ့ရသည်။ ၄င်း ချင်းမျိုးနွယ်စုအချင်းချင်း မွှေနေရမည့်အစား CNF/CNA အဖွဲ့အစည်းမှ တစ်ဆင့် ဒေသ/မြို့နယ်အလိုက်ရှိ CHIN လက်နက်ကိုင် အဖွဲ့အစည်းများ
ဘုံ Chin Army နှင့် Chin အဖွဲ့အစည်းတစ်ခု တည်ဆောက်လာနိုင်ရေးအတွက်သာ ကြိုးစားသင့်ပါသည်။
CNF/CNA သာ ချင်းပြည်နယ်ကိုယ်စား။ CNF/CNA ကိုသာ ချင်းလူမျိုးကိုယ်စားဆိုပြီး နိုင်ငံတကာl EAOsနှင့် ချင်းလူထုအချင်းချင်းအပေါ်မှာ မဟုတ်မမှန် အမျိုးမျိုးဝါဒဖြန့်နေခြင်းများကိုလည်း လုံးဝကို ရပ်တန့်ပြောင်းလဲသင့်ပါသည်။ ၄င်းဝါဒဖြန့်နေခြင်းက Chin လူမျိုးများအား သွေးစည်းညီညွတ်မှုထက် အချင်းချင်း ရန်ငြိုးဖြစ်ခြင်းနှင့် အားပြိုင်ရန်သူဖြစ်ခြင်းဘက်များကိုသာ ပိုမိုများစေပါသည်။ ထို့အပြင် ဗမာ့တပ်မတော် ကာချုပ် မင်းအောင်လိူင်၏ ကြွေးကြော်သကဲ့သို့ ပြည်ထောင်စု မြန်မာ့တပ်မတော်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တယ်ဆိုပြီး ကြွေးကြော်လိုက်ပြီး ကာချုပ်/စစ်ဦးစီးချုပ်အဆင့်မှာ ဗမာလူမျိုး/ဗုဒ္ဓဘာသာများသာ ခန့်အပ်ထားသည်။ ထိုကဲ့သို့ CNF/CNA ထဲမှာလည်း ချင်းမျိုးနွယ်စုအားလုံးပါဝင်တယ်ဟု ကြွေးကြော်ပြီး CNF/CNA ဦးစီးချူပ်အဆင့်များမှာ Hakha/Thantlang နယ်သားနှင့် CNF/CNA ထောက်ခံအားပေးသူ မျိုးနွယ်စုများကိုသာ နေရာပေးလိုက်ကြသည်။
• လက်ရှိ CNF/CNA ခေါင်းဆောင်မှုပြုနေသူများသည် ၁၉၈၈ ခုနှစ်ကတည်းက Chin အမည်ထက် Burma Democratic Front အမည်ဖြင့် ဗမာပြည်ထောင်စုအရေးကိုသာ ဦးစားပေးနေသည့်အပင် ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပေါ်လာသည့် နောက်ပိုင်းမှာလည်း ၁၉၈၈ တုန်းကလိုပဲ တိုင်းရင်းသားလက်နက်ကိုင် EAOs အထဲမှာ ရှားရှားပါးပါး ဗမာပါတီ NLD - CRPH-NUG နှင့် လက်မှတ်ထိုး ပူးပေါင်းခဲ့ကြပါသည်ကို အံ့သြမဆုံး ဖြစ်နေပါသည်။
မျိုးနွယ်စု အချင်းချင်းအားပြိုင်မှုနှင့် မြို့နယ်အလိုက် အားပြိုင်မှုအား ဆက်လက် မမြင့်တက်စေရေးအတွက် ဟားခါးအေခြချတပ်က ဟားခါးအတွင်းမှာနေပြီး တီးတိန်အခြေချတပ်က တီးတိန်အတွင်းမှာနေပြီး မင်းတပ်အခြေချတပ်က မင်းတပ်မှာနေပြီး ဖလမ်းအခြေချတပ်က ဖလမ်းအတွင်းမှာနေပြီး ယင်းအဆင့်မှ အချင်းချင်း အပြန်အလှန်လေးစား အသိအမှတ်ပြုမှုဖြင့် ချင်းအဖွဲ့အစည်းအားလုံး ပါဝင်နိုင်သော ချင်းပြည်နှင့် ချင်းအမျိုးသား တည်ဆောက်ရေး ဘုံစနစ်သစ်တစ်ခုကို ဝိုင်းဝန်းဖန်တီး တည်ဆောက်ကြရမှာဖြစ်သည်။