၂-။ အရှို Asho၊
မျိုးနွယ်များ ၁။kyuntu ၂။ottu ၃။Salai ၄။Laitu ၅။Sumtu ၆။စိုင်ဘောင်
၃=။ ဇိုမီ Zomi၊
မျိုးနွယ်များ ၁။ tedim/Paite ၂။ Z0(Yo) ၃။Thado ၄။ Sihzang
၄=။ မီဇို Mizo၊
မျိုးနွယ်များ ၁။Hunlngo ၂။ Hmar
၅=။လိုင်မီး Laimi၊
မျိုးနွယ်များ ၁။Laizo(Hlawnceu) ။၂။Sim/Zahau ၃။ Khuaism ၄။Zanniat ၅။Tlaisun ၆။ Ngswn ၇။Zophei
၈။Senthang ၉။ Mi-e ၁၀။Thawr ၁၁။Miram
၆=။ ခူမီး Khumi၊
မျိုးနွယ်များ
၁။ Khami ၂။Anu ၃။Khaungsu ၄။ Pawmnau ၅။Mro
၇=။ မတု Matu
မျိုးနွယ်များ ၁။ Batu ၂။Mara ၃။Lautu ၄။Zotung
ဆိုပြီးချင်းသမိုင်းရှာဖွေပြုစုရေးကော်မတီမှ 2001-ခုနှစ်ထုတ် “ချင်းလူမျိုးတို့၏သမိုင်းဖြစ်စဉ်နှင့်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအကျဉ်း”စာအုပ်မှာ မျိုးနွယ်ကွဲ ၃၁-မျိုးကိုဖော်ပြထားပါတယ်။တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ချင်းများ၊ဟားခါးနှင့်ထန်တလန်ရှိချင်းများ၊မင်းတပ်မြို့နယ်ရှိချင်းများ၊ပလက်ဝမြို့နယ်ရှိချင်းများ၊မြေပြန့်ရှိ အရှိုချင်း(ဆလိုင်းချင်း)များဆိုပြီး မြို့နယ်အလိုက် စာတမ်း ၇ စောင် သီးခြားတင်သွင်းပြီးမှ ပေါင်းစုဖော်ပြထားတာ ကိုတွေ့ရပါတယ်။
(၁) မယ်တိုင်
ကသည်း မေထေးချင်း၊မဏိပူရနေကသည်းလူမျိုးများ။ကုကီး-ချင်းအုပ်စုဝင်။ဘိုးတော်ဘုရားလက်ထက်က မဏိပူရကို သိမ်းပြီး သုံ့ပန်းများကို မန္တလေးတွင်နေရာချထားရာမှပေါက်ဖွားလာ။
၂.. ဆလိုင်း အရှိုချင်း(မြေပြန့်ချင်း)ကို ခေါ်သောအမည်ကွဲ။
၃.. အရှိုချင်း အရှိုချင်း(မြေပြန့်ချင်း)ကို ခေါ်သောအမည်ကွဲ။အရှိုချင်း Asho ကို မြေပြန့်ချင်း၊ဆိုင်ဘောင်ချင်း၊Kyuntu ကျွန်းတူချင်း၊Ottu အွတ်တူချင်း၊ ချင်းပုန်း၊ ချင်းပုတ်၊ ဆလိုင်းချင်း ၊စူမ်းတူချောင်းကြီးချင်း
လေးတူ လေးမြို့ချင်းသည်ဖြင့် ခေါ်ဆိုကြသည်။ ရခိုင်ပြည်နယ်ရှိ ခမီ၊ ခမွေ၊ မြိ ုတို့ဟာလည်း ဒီချင်းအုပ်စုဝင်များဟု ရေးသားကြတယ်။
၄.. ခမီ /Khami Myo မြို ခေါ်ခမီ၊ စွယ်စုံကျမ်းအရ မြန်မာအစုငယ်တွင် ပါဝင်တယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ပင်းချောင်း၊မီးချောင်းတလျှောက် နေထိုင်ကြတယ်။ပလက်ဝမြို့နယ်တွင် ခူမီချင်းများအား ခမိ၊ခမီ၊ခမီး၊အစရှိသဖြင့် ရေးသားဖော်ပြနေကြသလို မြိုကိုလည်း အဝခမီးအဖြစ် ဖော်ပြထားသည်။မြိုတို့သည် သကရဇ် ၁၃၁ မှ ၁၅၆ ထိ ၂၅နှစ်ကြာ ရခိုင်ထီးနန်းတွင် မင်းဆက်၂ ဆက်အုပ် ချုပ်ခဲ့ဖူးသည်။ ထို့ကြောင့်ခမီ၊ခမွီး၊ခမီး၊ခူမီး၊မြို၊မရို၊မရာ၊လေးမရိုခေါ်လေးမြို၊အောင်ခမီ စသည်ဖြင့်အမည်အမျိုးမျိုး ဖြစ်ပေါ်နေသော လူမျိုးစုဖြစ်နေတယ်။၁၉၉၀-ပြည့်ပါတီစုံအထွေထွေရွှေးကောက်ပွဲတွင် မြို ခေါ်
ခမီ အမျိုးသားညီညွတ်ရေးပါတီဖြင့် ဝင်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်အမတ်တဦး ရွှေးကောက်ခံထားရတယ်။ ကျေက်တော်၊မြောက်ဦး၊ပလက်ဝ၊ပုဏ္ဏာကျွန်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကျောက်တော် မဲဆန္ဒနယ် ၂ မှဦး စံသာအောင် ရွှေးချယ်တင်မြှောက်ခံရတယ်။
၂၀၁၀-ရွေးကောက်ပွဲအတွက် မြိုခေါ်ခမီပါတီ၊ မြိုပါတီ။ ခမီပါတီ သုံးမျိုးထွက်လာနေတယ်။
၅.. အောင်ခမီ ခမီအမည်ကွဲတခုဖြစ်ရန်ရှိ။
၆.. လေးမြို့
လေးတူ ချင်းများဖြစ်နိုင်ချေရှိ ပလက်ဝမြို့နယ်လေးမြိုမြစ်(လည်မြိုမြစ်)Lemiro မြစ်နားတွင်နေထိုင်သောချင်းမျိုးနွယ်စု၊ လေးမရို ဟုလည်းခေါ် ကြတယ်။
၇.. ပါကင်းမ်
မရို မရို-မြိုနှင့်တူနိုင်တယ်။
၈.. ကလင်ကော
လူရှေ လူရှိုင်းချင်းကို ခေါ်ဆိုသောအမည်တမျိုး။ရှေးယခင်က လူရှေဟုခေါ်သည်။လူရှိုင်းတောင်တန်းတွင် နေထိုင်ကြတယ်။၁၉၆၃ တွင် တော်လှန်ရေး ကောင်စီက တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုခဲ့တယ်။
၉ လူရှိုင်း
လူရှေ ဖော်ပြခဲ့ပြီး။
၁၀.. ခေါနိူး တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ချင်းမျိုးနွယ်စုများ။Khuano
၁၁.. ခေါင်စို့ ပလက်ဝမြို့နယ်ရှိ ချင်းမျိုးနွယ်စု။Khaung Su
၁၂... ခွါဆင်းမ် Khual Sim ဟားခါးနှင့်ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။ခွါလ်ဆိမ်ဟုရေးတယ်။
၁၃... ခွန်လီ
(ဆင်းမ်) Sim ဆိမ့်ဟုရေး။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။
၁၄... ဂန်တဲ့ Vangteh ဗန်တဲ့ဟုရေး။တီးတိန်ရှိ ချင်းမျိုးနွယ်စု။
၁၅.. ဂွေးတဲ့ Quite ဂွေးသဲဟုရေး။တီးတိန်ရှိ ချင်းမျိုးနွယ်စု။
၁၆... ငွန်း Ngawnငေါန်းဟုရေး။ဖလမ်းနယ်ရှိချင်းမျိုးနွယ်စု။စီယင်ချင်း၏အမည်တမျိုး
၁၇... ဆီတန် Sih-zang စီဇန်၊တီးတိန်ရှိ ချင်းမျိုးနွယ်စု။စီယင်ချင်း၏ အမည်တမျိုး။
၁၈... ဆင်တန် Senthang ဆင်တန်ဟုရေး။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၁၉... ဆိုင်းတန် Sai Zang ဆိုင်းဇန်ဟုရေး။တီးတိန်နယ်ရှိ ချင်းမျိုးနွယ်စု။
၂၀... ဇာတောင် Za hau ဇာဟောင်ဟုရေး။ဖလမ်းနယ်ရှိ ချင်းမျိုနွယ်စု။
၂၁... ဇိုတုံး Zo Taung ။မတူပီနယ်ရှိ ချင်းမျိုးနွယ်စု။
၂၂... ဇိုဖေ Zo phei ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၂၃... ဇို Zo (Y0) ရိုဟုလည်းခေါ်တယ်။တီးတိန်ရှိ ချင်းမျိုးနွယ်စု။
၂၄... ဇန်ညှပ် ဇန်နီယပ် Zangiat ဟုလည်းခေါ်။ဖလမ်းရှိ ချင်းမျိုးနွယ်စု။
၂၅... တပေါင် Ta pang ။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။
၂၆.. တီးတိန်
တဲဒင်မ် တီးတိန်နှင့်တွန်းဇံမြို့နယ်များအတွင်းရှိ ချင်းမျိုးနွယ်စု ၁၂ စုကိုပေါင်း၍တီးတိန်ချင်းဟုခေါ်တယ်။တီးတိန်ဇိုမီး
Tedim Zomi အဖြစ်လည်းခေါ်နိုင်တယ်။၁၉၉၀-ရွှေးကောက်ပွဲမှာ ဇိုမီးအမျိုးသားကွန်ဂရက်အမည်ဖြင့်
တီးတိန်၊ကလေး၊တွန်းဇံမဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတီးတိန်မဲဆန္ဒနယ် ၁ မှ ဦးပုကျင့်ရှင်းထန် ရွေးချယ်ခံရတယ်။
၂၇.. တေဇန် Tei Zang ။တီးတိန်နှင့်တွန်းဇံနယ်ရှိ ချင်းမျိုးနွယ်စု။
၂၈.. တိုင်ချွှန်း Tai Shun တာရွှန်းဟုလည်းခေါ်တယ်။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။
၂၉.... တာဒိုး Tha do တာဒို၊တီးတိန်ရှိ ချင်းမျိုးနွယ်စုများ။
၃၀.. တောရ် Thawr ထောဟုခေါ်တယ်။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၃၁... ဒင်မ် Dim ။တီးတိန်နယ်ရှိ ချင်းမျိုးနွယ်စု။
၃၂... ဒိုင်(ယင်းဒူး) စွယ်စုံကျမ်းတွင် ကန်ပက်လက်အထက် စလင်းချောင်းနှင့်အခြားချောင်း တခုတွင် နေထိုင်သောချင်းလူမျိုးဟု ဖော်ပြတယ်။Cho-ချင်းလေးမျိုးတွင်Dai ပါရှိပြီး မတူပီနယ်တွင်လည်း နေတယ်။
၃၃... မကန်း မင်းတပ်မြို့နယ်တွင်တွေ့ရသောချင်းမျိုးနွယ်စု။kaangကာဏ်းဟုလည်း ခေါ်ကြသည်။
၃၄... မတူ Matu မတူပီမြို့နယ်ရှိ ချင်းမျိုးနွယ်စု။
၃၅... မီရမ်
(မရာ) Miran ထန်တလန်နှင့် မတူပီမြို့နယ်တွင်နေထိုင်သောချင်းမျိုးနွယ်စု။မရာMara ဟုလည် ကိုယ့်ကိုယ်ကို ခေါ်ဆိုကြတယ်။၁၉၉၀ ပြည့်ရွှေးကောက် ပွဲတွင် မရာပြည်သူ့ပါတီ အမည်ဖြင့် ပလက်ဝနှင့်မတူပီတွင် ယှဉ်ပြိုင်၊
မတူပီမဲဆန္ဒနယ် ၁ မှ ဦးရိုအုပ် ရွေးချယ်ခံရ။
၃၆.. မီအဲ Mi-e ၊ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၃၇... လင်တဲ Lente လဲင်သဲဟုရေး။
ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။
၃၈... လောက်ကု Lau Tu လောက်တူဟုခေါ်။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။
၃၉... လိုင် ဖလမ်းနယ်ရှိ ချင်းများကိုခေါ်ခြင်းဖြစ်တယ်။လိုင်ဇိုချင်းများကိုအမည်တမျိုးခေါ်ခြင်းဖြစ်နိုင်ပါတယ်။
၄၀.. လိုင်ဇို ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။Laizo။ Hlawn Geu လှောန်ကျဲအို ဟုလည်းခေါ်ကြတယ်။
၄၁.. ဟွာလ်ငို Hulngo ၊တီးတိန်နှင့်ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စုများ။
၄၂... အနူး Anu ပလက်ဝမြို့နယ်ရှိ ခူမီးချင်းမျိုးနွယ်စုဝင်။
၄၃... နာဂ ချင်းလူမျိုးနှင့်မဆိုင်။တိဘက်-မြန်မာအုပ်စုကြီးမှ နာဂအုပ်စုခွဲဝင်။ နာဂတောင်တန်းတွင် အဓိကနေ ထိုင်ကြတယ်။ ခန္တီး၊လေရှီး၊လေဟယ်မြို့နယ်များတွင် တွေ့ရတယ်။နာဂမျိုးကွဲပေါင်း များစွာရှိပြီး ထင်ရှားသော နာဂမျိုးစုများမှာ နောက်ကော်နာဂ၊တန်ဂန်နာဂ၊ဟေမြဲနာဂ၊ရန်ပန်နာဂ၊တန်ခူးနာဂ၊ပါရာနာဂ၊ခေါင်ဆိုင်နာဂ ၊ ရှာရာနာဂ၊ရာတနာဂ၊ မက်ဝဲယာနာဂ တို့ဖြစ်တယ်။
၄၄... ခေါင်ဆိုင်
ချင်း ခေါင်ဆိုင်ချင်းအနေဖြင့် မတွေ့ရဘဲ ခေါင်ဆိုင်နာဂ ကိုသာတွေ့ရတယ်။
၄၅.. တန်ခူး ဆွမ်ဘရာဘွမ်၊မန္တီးနှင့်မော်လိုက် မြို့နယ်များတွင် တွေ့ရတယ်။တာန်ခူးလ်Tangkhal ဟုရေးတယ်။နာဂထဲတွင် တန်ခူးနာဂလဲ ရှိနေတယ်။
၄၆... မာရင် နာဂအနွယ်တမျိုး
၄၇... ပနန်း ခမီချင်း( မြို) တမျိုး
၄၈... မွင်း ချိုမိီးချင်းအနွယ်၀င်
၄၉... နာဂအနွယ်တမျိုး
၅၀... အူပု ချိုးချင်းအနွယ်၀င်
၅၁... လျင်ကု နီပေါလ်နွယ်ဘွား တောင်ပေါ်သား။
၅၂... ရောင်ကု ချိုးချင်းအနွယ်၀င်
၅၃...လိုင်း lai ဟားခါ ထန်တလန် ချင်းအနွယ်ဝင်..