"ချင်းအမျိုးသားများ ပညာမြှင့်တင်ရေးအဖွဲ"့ကို ၁၉၁၈ ဖေဖော်ဝါရီ ၂၀ တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။
၁၉၂၈ ဖေဖော်ဝါရီ ၂၀ တွင် " ချင်းတောင်ညီညွတ်ရေးအဖွဲ့ " ကို ခေတ်ပညာတတ်မျိုးချစ်ဦးဝမ်သူးမောင်းက ခေတ်ပညာအခြေခံရှိသောချင်းအမျိုးသားလူငယ်များအား စည်းရုံးကာ ချင်းအမျိုးသားများ၏ ပထမဆုံးနိုင်ငံရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည်။အင်္ဂလိပ်အစိုးရက ၁၉၃၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကန်ပက်လက်၌ တွေ့ဆုံဆွေးနွေးရန် ချင်းအမျိုးသားများ ညီညွတ်ရေး အဖွဲ့သို့အကြောင်းကြာစာပို့ခဲ့သည်။
၁၉၄၈ ဖေဖော်ဝါရီ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းဝိသေသလုံးဆိုင်ရာ ညီလာခံ ကျင်းပသည်။ ထိုညီလာခံတွင် တီးတိန်မြိ့ုမှဦးထောင်ဇကိုင်းအဆိုတင်သွင်းရာ သဘာပတိ ဦးဝမ်သူးမောင်းမှ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ငါးထောင်ကျော်ခန့်ရှိ၍ ကန့်ကွက်သူ၁၇ ယောက်သာ ရှိသဖြင့်ယင်းအဆိုကို အတည်ပြုခဲ့သည်။
၁၉၅၀ အောက်တိုဘာ ၉ ရက်နေ့တွင် " ချင်းအမျိုးသားနေ့ သတ်မှတ်ရေး " အစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးမှနယ်ခဲ့ျတော်လှန်ရေး သမိုင်းစဉ်တလျှောက် ထူးခြားတိုက်ဆိုင်မှု အကြိမ်ကြိမ်ရှိခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ထိုအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ပထမဆုံး ချင်းအမျိုးသားနေ့ကို ၁၉၅၁ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တောင်ပိုင်းခရိုင် မင်းတပ်မြို့တွင် ကျင်းပရာနိုင်ငံတော် ဝန်ကြီးချုပ်ဦးနု တက်ရောက်ခဲ့သည်။