တချိန်က ချင်းပြည်ရဲ့မြို့တော် ဖလမ်းမြို့

ဖလမ်းမြို့ဟာ ဘယ်တုန်းကမှ ချင်းတောင်၊ ချင်းပြည်ရဲ့ မြို့တော် မဖြစ်ခဲ့ဖူးဘူး၊ ၁၉၆၅ မတိုင်မီ ချင်းပြည်မှာ မြို့တော်မရှိခဲ့ဘူး ဆိုတဲ့ ပြောကြားသံတွေ မကြာခဏ ကြားနေရပါတယ်။ ဒါကြောင့် ဖလမ်းမြို့၊ မြို့တော် ဖြစ်ခဲ့ရတဲ့ သမိုင်း၊ ၁၉၆၅ မတိုင်မီ ဖလမ်းဟာ ချင်းပြည်ရဲ့ မြို့တော် ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားလေးတွေ တင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


ဒီလိုပြောဆိုလာတာဟာ အခုမှ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ ဒေါက်တာလျန်မှုန်းဆာခေါင်း ရေးသားတဲ့ “In Search of Chin Identity” စာအုပ် စာမျက်နှာ ၂၈ မှာ “ဗြိတိသျှတွေ ချင်းပြည်တက်လာတဲ့နောက်ပိုင်း ဟားခါးဟာ အရှေ့ချင်းပြည် (East Chinram) ရဲ့ မြို့တော် ဖြစ်လာခဲ့တယ် [Since the arrival of the British, Hakha became the capital of Eastern Chinram]” လို့ရေးသားခဲ့ပါတယ်။ ဒီရေးသားချက်အပေါ် ဒေါက်တာဗုမ်ဆောန်းဆွာန်သာခ် (Dr.Vumson Suantak) ကနေ (delete this) ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ပြီး ချင်းပြည်ရဲ့ မြို့တော်ကို ဖလမ်းကနေ ဟားခါးကို ဘယ်လိုပြောင်းရွှေ့ခဲ့ရတာလဲ ဆိုတဲ့ဆောင်းပါး နဲ့ တုန့်ပြန်ခဲ့ပါတယ်။ ယနေ့ဟားခါးမြို့ ရှုခင်းသာမှာရှိတဲ့ ကျောက်တိုင်မှာလည်း ဟားခါးဟာ ၁၉၆၅ ကနေ မြို့တော်ဖြစ်လာခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီကြားထဲမှာလည်း နိုင်ငံရေးသမားတွေ အကြား ဒီဘိတ်လုပ်ကြတာတွေလည်း တွေ့ရတယ်။ သူတို့ ဒီဘိတ်လုပ်တဲ့အချက်တွေ ကျွန်တော်ကြည့်တဲ့အချိန်မှာ ဖလမ်းဘက်ကရေးတဲ့အချက်၊ ဒေါက်တာဗုန်ဆောန် ရေးတဲ့အချက်က တဖက် - ပူးလျန်အုပ်၊ ပူးငွန်သိုး နှင့် ဗိုလ်မှူးကြီးဗန်ကုလ်ရေးတဲ့ အချက်တွေကတဖက် ကိုးကားခဲ့ကြတာတွေ့ရတယ်။ သူတို့သုံးပြီးသွားတဲ့ အချက်အလက်တွေ ကျွန်တော် ပြန်လည်ကိုးကားမှာမဟုတ်ပါဘူး။ ကျွန်တော် သမိုင်းအချက်အလက်တွေကို တင်ပြတဲ့အချိန်မှာ ဖလမ်းပြင်ပဘက်က ရေးတဲ့အချက်တွေကိုဘဲ ကိုးကားသွားမှာ ဖြစ်ပါတယ်။ ဖလမ်းဘက်ကနေ ရေးတဲ့ဟာတွေ အမျးကြီးရှိပေမယ့် ဖလမ်းသားတယောက်အနေနဲ့ ဖလမ်းဘက်ကရေးတဲ့အချက်တွေ ကိုးကားလို့ရှိရင် သင့်တော်မယ်မထင်လို့ပါ။ နောက်ပြီး ဒေါက်တာဗုမ်ဆောန်း ရေးသားတဲ့အချက်လည်း လူအများသိပြီးသားဖြစ်တာမို့ ကျွန်တော်ပြောစရာ မလိုလောက်ဘူး လို့ထင်ပါတယ်။
ကျွန်တော်တို့ အဘိဓာန် ကို ကြည့်လို့ရှိရင် မြို့တော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) ပြည်နယ်တစ်နယ် (သို့မဟုတ်) ဒေသတစ်ခု၏ အုပ်ချုပ်ရေးအရ အဆင့်အမြင့်ဆုံးသော အစိုးရရုံးထားရှိသည့် မြို့ကို ဆိုလိုသည် လို့ဆိုပါတယ် (The city or town that functions as the seat of government and administrative centre of a country or region)။ ဒါကြောင့် ကျွန်တော်တို့ ချင်းပြည်ရဲ့ မြို့တော်အကြောင်းပြောလို့ရှိရင် ချင်းပြည်ရဲ့ မြို့တော်ဟာ ချင်းပြည်ထဲကဘဲ ဖြစ်ရမှာ။ ချင်းပြည်ထဲမှာရှိတဲ့ အုပ်ချုပ်ရေးအရ အဆင့်အမြင့်ဆုံးသော အစိုးရရုံးထားရှိသည့် မြို့ကို မြို့တော်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ဟာ ချင်းပြည်ရဲ့ ပြင်ပမှာ ရှိတဲ့အတွက် ချင်းပြည်ရဲ့ မြို့တော် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အလားတူ ကလေးမြို့ဟာလည်း ချင်းပြည်နယ်နမိတ်ပြင်ပမှာ ရှိတဲ့အတွက် ချင်းပြည်ရဲ့ မြို့တော် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါ။ သမိုင်းမှတ်တမ်းမှာလည်း မရှိခဲ့ပါ။ ချင်းပြည်ထဲမှာ ရှိတဲ့ အုပ်ချုပ်ရေး အဆင့်မြင့်ဆုံးရုံးစိုက်ရာ မြို့ကိုသာလျင် မြို့တော်လို့ သတ်မှတ်နိုင်ပါတယ်။
🔴ဗြိတိသျှခေတ်
ဗြိတိသျှခေတ်မှာကတည်းက ချင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တယားအားလုံးကို ဖလမ်းကနေ အုပ်ချုပ်ကိုင်တွယ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ချင်းပြည်ဟာ ချင်းတောင်တန်းခရိုင် (Chin Hills District) အဖြစ်တည်ရှိပြီး ချင်းပြည်ရဲ့ အဆင့်မြင့်ဆုံး အုပ်ချုပ်ရေးရုံးဖြစ်တဲ့ အရေးပိုင်မင်းရုံး (Deputy Commissioner Office) ဖလမ်းမှာ ရုံးစိုက်ခဲ့ပါတယ်။ ဒါကြောင့် ဗြိတိသျှခေတ်မှာ ဖလမ်းဟာ ချင်းပြည်ရဲ့ မြို့တော် ဖြစ်တယ်။ အဲဒီအချိန် ချင်းတောင်ခရိုင်ထဲမှာ တီးတိန်နယ်၊ ဖလမ်းနယ် နှင့် ဟားခါးနယ် (ယခုထန်တလန်နယ် နှင့် မတူပီနယ်အပါအ၀င်) တို့ပါ၀င်ပြီး ၁၉၂၈-၂၉ နှစ်မှာတော့ ယခု မင်းတပ်နှင့်ကန်ပက်လက်မြို့နယ်များအဖြစ် တည်ရှိသော ပခုုက္ကူတောင်တန်းဒေသ ကို ချင်းတောင်တန်းခရိုင်ထဲကို သတ်သွင်းခဲ့ကြတယ်။ ဗြိတိသျှခေတ်တုန်းက ချင်းတောင်တန်းခရိုင်အောက်မှာ ယနေ့ ပလက်၀မြို့နယ် (အဲဒီချိန်တုန်းက ရခိုင်တောင်တန်းဒေသ) ကလွဲပြီးတော့ အားလုံး ပါ၀င်ပါတယ်။ ဖလမ်းဟာ ချင်းတောင်တပ်ရင်း ရုံးစိုက်ရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ ဗြိတိသျှခေတ် မှတ်တမ်းတွေမှာလည်း ဖလမ်းကို ချင်းတောင်ရဲ့ မြို့တော် (the Capital of Chin Hills) လို့ ရည်ညွှန်းထားတာတွေ့ရတယ်။ သမိုင်းမှတ်တမ်းတွေ ကြည့်ကြရအောင်။
🔷 ၁) Hugh Tinker ရေးသားတဲ့ Burma - The Struggle for Independence, 1944-48 ထဲမှာ ပါ၀င်တဲ့ မြေပုံထဲမှာ ဖလမ်းကို အုပ်ချုပ်ရေးမြို့တော် “Administrative Capital” လို့ ရေးသားထားပါတယ်။ (ပုံ ၁ ကိုးကားရန်)
🔷 ၂) အမေရိကန်နှစ်ခြင်း ခရစ်ယာန်သာသနာပြုဆရာ Rev. Robert G. Johnson ရေးသားတဲ့ History of the American Baptist Chin Mission ဆိုတဲ့ စာအုပ်ထဲမှာလည်း ဖလမ်းကို မြို့တော်အဖြစ် အကြိမ်ကြိမ် ရည်ညွှန်းထားတာ တွေ့နိုင်ပါတယ်။ သာဓကတခုအနေဖြင့် … ၁၉၂၃ ခုနှစ်မှာ ဗြိတိသျှအစိုးရအနေနဲ့ ချင်းပြည်အတွင်းရှိ အစိုးရကျောင်းအားလုံးတွင် ဖလမ်း (လိုင်ဇိုး) ဘာသာဖြင့် သင်ကြားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ Rev. Robert G. Johnson အနေနဲ့ Rev. J.H.Cope ရဲ့မှတ်တမ်းတွေကို ကိုးကားပြီး ရေးသားထားတာဖြစ်တယ်။ အဲဒီချိန်တုန်းက ဖလမ်းဟာ ချင်းတောင်ရဲ့ မြို့တော်လည်းဖြစ်သလို၊ ဗြိတိသျှအစိုးရရဲ့ ရုံးစိုက်ရာ မြို့လည်း ဖြစ်တယ်လို့ သူရေးထားပါတယ်။ [Falam was at that time the capital of the Chin Hills and the seat of British administration]. (ပုံ ၂ ကိုးကားရန်)
🔷 ၃) Brig Thenphunga Sailo, AVSM (Rtrd) ရဲ့ စာအုပ် A Soldier’s Story ဆိုတဲ့ စာအုပ်ထဲမှာ သူချင်းလေဗီး (Chin Levies) အတွက် ဖလမ်းမှာ တာ၀န်ကျတဲ့ အကြောင်းရေးသားတဲ့စာအုပ်မှာ ဖလမ်းကို ချင်းတောင်ရဲ့မြို့တော်လို့ ရေးသားထားတာ တွေ့ရပါတယ်။ “I was proceed to Falam, the Capital of Chin Hills, Burma and report to Colonel Hasewell, the Commander of all Forces in the Chin Hills”။ (ပုံ ၃ ကိုးကားရန်)
🔷 ၄) ဦးအိပ်ခ်ျလျန်တီာလ် ရေးတဲ့ ချင်းပြည်နယ်အခြေခံပညာရေးသမိုင်း စာအုပ်ထဲမှာ “တော်လှန်ရေးအစိုးရ ကောင်စီအစိုးရက ဟားခါးမြို့အား ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ၏ မြို့တော်အဖြစ်သတ်မှတ်သည့် ၁၉၆၅ ခုနှစ်မတိုင်မီ ဖလမ်းမြို့သည် ခရိုင်မြို့တော်သာမက ပြည်နယ်၊ တိုင်းအဆင့်၌ ဌာနဆိုင်ရာရုံးစိုက်ရာ (ချင်းရေးရာ၀န်ကြီးမှအပ) ချင်း၀ိသေသတိုင်း၏ မြို့တော်လည်း ဖြစ်ခဲ့ပါသည် ဟုရေးသားထားပါတယ်။ (ပုံ ၄ ကိုးကားရန်)
🔷 ၅) Desmond Kelly ရေးတဲ့ Kelly’s Burma Campaign ဆိုတဲ့ စာအုပ်ထဲမှာလည်း ဖလမ်းကို အုပ်ချုပ်ရေးမြို့တော် အဖြစ် ရည်ညွှန်းထားပါတယ်။ သူဟာ သူ့ဖခင် Lt.Col. Norman Kelly ဒုတိယကမ္ဘာစစ်တုန်းက ချင်းပြည်မြောက်ပိုင်းမှ ဂျပန်စစ်တပ်နဲ့ တိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ကိုးကားပြီး သူ့အဖေစစ်တိုက်ခဲ့တဲ့ အကြောင်းတွေကို ရေးသားထားတဲ့ စာအုပ်ဖြစ်တယ်။ ဂျပန်စစ်တပ် ချင်းပြည်ထဲသို့ ထိုးဖောက်လာတဲ့အချိန်မှာ ဗြိတိသျှစစ်တပ် ဖလမ်းကို စွန့်ခွာဖို့ ပြင်ဆင်တဲ့အကြောင်းရေးသားရင်း ဖလမ်းဟာ အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့အကြောင်းကို “In Chin culture, Falam was the key from a military point of view and was also the administrative capital” လို့ ရေးသားထားပါတယ်။ (ပုံ ၅ ကိုးကားရန်)
▶ တချို့က ရေးကြတယ်။ ဗြိတိသျှခေတ်တုန်းက ချင်းပြည်ဟာ ခရိုင်အဆင့်သာရှိပြီး မကွေး၀န်ရှင်တော်မင်းကြီးရုံးတော် (Magwe Commissioner Office) ကတဆင့် အုပ်ချုပ်တယ်။ အရေးပိုင်မင်းရုံးသာစိုက်တဲ့အတွက် ဖလမ်းဟာ မြို့တော်မဖြစ်နိုင်ဘူးလို့ ရေးကြပါတယ်။ ဗြိတိသျှခေတ်မှာ ချင်းပြည်အတွင်း မြို့တော်မရှိသလိုလို၊ Deputy Commission ရုံးထက်အဆင့်မြင့်တဲ့ Commissioner ရုံးစိုက်ရာနေရာကိုသာလျင် မြို့တော်လို့ သတ်မှတ်လို့ရတယ်ဆိုတဲ့ သဘောနဲ့ ရေးသားကြတယ်။ ပထမအချက်အနေနဲ့ ဒါဟာ သမိုင်းအချက်အလက်ပေါ် ကိုးကားပြီး ရေးသားထားတာမဟုတ်ဘဲ မိမိစိတ်ကြိုက် သုံးသပ်ချက်အပေါ် မူတည်ပြီး ရေးသားထားကြတာ ဖြစ်ပါတယ်။ ဗြိတိသျှခေတ်တုန်းက ရေးတဲ့ မှတ်တမ်းတွေမှာ ဖလမ်းကို ချင်းပြည်ရဲ့ မြို့တော် အဖြစ်သတ်မှတ်ကြတာ အပေါ်က ကျွန်တော်တင်ပြတဲ့ အချက်တွေဟာ သမိုင်းသက်သေတွေပါ။
🔴၁၉၄၈ - ၁၉၆၅ ကာလ
မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ အချိန်မှာ ချင်းပြည်ဟာ ချင်း၀ိသေသတိုင်း (Chin Special Division) ဖြစ်လာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ၁၉၆၅ ခုနှစ် ဟားခါးမြို့ကို ပြောင်းရွှေ့ခြင်းမပြုမီ အချိန်အထိ ဖလမ်းမြို့ဟာ ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ရဲ့မြို့တော်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ သမိုင်းအထောက်အထားတွေကြည့်ကြရအောင်။
🔷 ၁) မြန်မာ့စွယ်စုံကျမ်း
“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူထုပညာပေးရေးအတွက် ရည်ရွယ်ကာ မြန်မာ့စွယ်စုံကျမ်းတွေကို ၁၅ တွဲနဲ့ ၁၉၅၄ ကနေ ၁၉၇၆ အတွင်း ပြည်ထောင်စုအစိုးရကနေ ဦးဆောင်ပြီး စာပေဗိမာန်ကနေ ထုတ်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရကနေ ရံပုံငွေ (Funding) ပံ့ပိုးပေးပြီး ပြည်ထောင်စုအစိုးရမှ အတည်ပြုပြီး ထုတ်၀ေထားတာဖြစ်တယ်။
၁၉၆၃ ခုနှစ်မှာ ထုတ်၀ေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ ၇ မှာ ဖလမ်းမြို့အကြောင်း ပါ၀င်ပြီး အခုလို ရေးသားထားပါတယ်။
➡ ဖလမ်းမြို့။ ။ချင်း၀ိသေသတိုင်း၊ မြောက်ပိုင်းချင်းတောင်ခရိုင်တွင်ပါ၀င်သည့် ဖလမ်းနယ်၏နယ်ပိုင် ရုံးစိုက်ရာမြို့ဖြစ်သည့်အပြင် ချင်း၀ိသေသတိုင်း၏ မြို့တော်လည်း ဖြစ်၍ တိုင်းမင်းကြီး ရုံးစိုက်ရာ၊ မြောက်ပိုင်းချင်းတောင်ခရိုင်၀န် ရုံးစိုက်ရာလည်း ဖြစ်သည်။ ဖလမ်းမြို့သည် ချင်း၀ိသေသတိုင်း၏ မြို့တော်ဖြစ်သည့်အလျောက် ထိုမြို့တွင် တိုင်းမင်းကြီး၊ ခရိုင်၀န်တို့အပြင် တိုင်းပညာ၀န်၊ ခရိုင်ဆရာ၀န်၊ သစ်တောခရိုင်၀န်၊ စိုက်ပျိုးရေးစသည့် ဌာနအကြီးအကဲများလည်း ရုံးစိုက်ကြသည်။ ဗြိတိသျှအစိုးရလက်ထက်ကပင် ပြည်မနှင့်လန်းပမ်းအဆက်အသွယ် ခက်ခဲသော်လည်း ခရိုင်၀န်ရုံး နယ်ပိုင်အိမ်၊ စစ်ဗိုလ်ကြီးသုံးဦးအိမ်၊ စစ်ဆေးရုံးစသည့် အဆောက်အအုံတို့ကို ခမ်းခမ်းနားနား ဆောက်လုပ်ထားခဲ့သည်။ ထို့ကြောင့် ဖလမ်းကို ရွှေနှင့်ဆောက်လုပ်သည်ဟု ပြောစမှတ်ပြုကြလေသည်။ (ပုံ ၆ - ၇ ကိုးကားရန်)
ဒီစွယ်စုံကျမ်းအတွဲ ၇ ထုတ်၀ေသည့်အချိန် ၁၉၆၃ မှာ ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ရဲ့မြို့တော်ဟာ ဖလမ်းမြို့ ဖြစ်နေခဲ့ပါတယ်။ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပြီးသည့် နောက်တနှစ်တွင် ထုတ်၀ေခဲ့ခြင်းဖြစ်ပါတယ်။
၁၉၇၃ တွင်ထုတ်၀ေသည့် မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃ မှာ ဟားခါးမြို့အကြောင်းကို အခုလို့ တွေ့ရပါတယ်။ ချင်း၀ိသေသတိုင်းရဲ့ မြို့တော်ကို ဖလမ်းကနေ ဟားခါးသို့ ၁၉၆၅ ခုနှစ်မှာ ပြောင်းရွှေခဲ့တာဖြစ်တယ်။ မြို့တော်သစ်ဖြစ်လာတဲ့ အချက်ကို မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၃ မှာ အခုလို ဖော်ပြထားပါတယ်။
➡ ဟားခါးမြို့။ ။ ချင်း၀ိသေသတိုင်း မြောက်ပိုင်းတွင် တည်ရှိသော ဟားခါးမြို့သည် ဟားခါးမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ထို့ပြင်ချင်း၀ိသေသတိုင်း၏ ဦးစီးအဖွဲ့ရုံးစိုက်ရာ မြို့တော်လည်းဖြစ်သည်။ [နောက်ပြီးဟားခါးမြို့သမိုင်းအကြောင်းဆက်ရေးထားပြီးတော့ ချင်း၀ိသေသတိုင်း မြို့တော်ပြောင်းရွှေ့သည့်အကြောင်းကို ဆက်လက်ဖော်ပြထားသည်] ယခုအခါတွင်မူ ဆိုခဲ့သော အစိုးရ အဆောက်အအုံများအပြင် ဟားခါးမြို့သည် ချင်း၀ိသေသတိုင်း၏ မြို့တော်ဖြစ်လာသည်နှင့်အညီ အစိုးရဌာနပေါင်းစုံမှ တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး အစရှိသော တိုင်းအဆင့်နှင့် မြို့နယ်အဆင့် ဦးစီးဌာနရုံးများ ကော်ပိုရေးရှင်းများကို၎င်း ဖွင့်လှစ်ထားပြီးသည့်ပြင် အစိုးရတန်းမြင့်ကျောင်း တကျောင်းလည်း ရှိသည် ဟုရေးသားထားပါသည်။ ဒီစွယ်စုံကျမ်းအတွဲ ၁၃ ထုတ်၀ေတဲ့နှစ်ဟာ ၁၉၇၃ နှစ်ဖြစ်ပြီး ချင်း၀ိသေသတိုင်းလို့ သုံးနှုန်းထားတာကို တွေ့ရတယ်။ ဒီစာတမ်းပြုစုတဲ့ အချိန်မှာ ချင်းပြည်ဟာ ချင်း၀ိသေသတိုင်းအဖြစ်တည်ရှိခဲ့ပြီး ၁၉၇၃ ခုနှစ်မှာမှ ချင်း၀ိသေသတိုင်းဟာ ချင်းပြည်နယ်ဖြစ်လာခဲ့တယ်။ (ပုံ ၈ နှင့် ၉ ကိုးကားရန်)
မြန်မာ့စွယ်စုံကျမ်းကို ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအသိမှတ်ပြု ထုတ်၀ေးထားပြီး ခိုင်လုံတဲ့ အထောက်အထားဖြစ်တယ်။ ဒီကျမ်းကြီးထဲမှာ ဖလမ်းမြို့ဟာ ချင်း၀ိသေသတိုင်း ရဲ့မြို့တော်ဖြစ်ခဲ့တာ ကို အတိအလင်းရေးသားထားပါတယ်။
🔷 ၂) ဟားခါးမြို့နယ်၊ ဆုရ်ခွားရှိ ပူးဗန်ကီးယိုးပြတိုက်ထဲမှ ဓာတ်ပုံတပုံ
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ မှ ၂၂ ရက်အထိ ဖလမ်းမြို့မှာ လွတ်လပ်ရေးနေ့ အောင်ပွဲသဘင် အခမ်းအနားနှင့် လူထုညီလာခံကြီး ကျင်းပခဲ့ကြတယ်။ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာစေတဲ့ လူထုညီလာခံကြီးလည်း ဖြစ်ပါတယ်။ ဒီညီလာခံမှာ ချင်းပြည်အနယ်နယ်အရပ်ရပ်မှ ကိုယ်စားလှယ်များလည်း မြို့တော်ဖလမ်းကို လူထုညီလာခံကြီးအတွက် တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုတက်ရောက်ကြရာမှာ အဲဒီအချိန်က ဟားခါးနယ် ကိုယ်စားလှယ်များလည်း တက်ရောက်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ကြတဲ့ ဓာတ်ပုံကို ယခု ဟားခါးမြို့နယ် ဆူရ်ခွာရွာရှိ ပူးဗန်ကီးယိုးပြတိုက်တွင် တွေ့မြင်နိုင်ပါတယ်။ ထိုဓာတ်ပုံကို “ချင်းအမျိုးသားနေ့” အဖြစ်သမိုင်းတွင်သော ဖလမ်းမြို့ ညီလာခံ မော်ကွန်းဓာတ်ပုံတစ်ကွက် (၁၉၄၈ ခု ဖေဖော်၀ါရီ ၂၀ ရက်နေ့) ဟုခေါင်းစဥ်တပ်ထားပြီး အောက်ပါစာသား ထည့်သွင်းဖော်ပြထားပါတယ်။ “နယ်ချဲ့ကျူးကျော်ခုခံတိုက်ပွဲများ၊ နယ်ချဲ့ကိုလိုနီ တော်လှန်ရေး တိုက်ပွဲများ၊ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲများစသည့် ချင်းတောင်လွတ်မြောက်ရေး စစ်ပွဲပြီးဆုံးပြီးနောက် ချင်းတောင်ဒေသ ရှေးဟောင်းမျိုးရိုးစဥ်လာ ဆက်ခံအုပ်ချုပ်သောစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းစေသည့် လူထုညီလာခံကြီးကို ချင်းမြို့တော် (The Capital of Chins) ဖလမ်းမြို့၌ တောင်ပိုင်းဒေသကိုယ်စားလှယ်ကိုယ်စား ၀မ္မသူးမောင်းတက်ရောက်၍ ကျင်းပခဲ့ရာ ၎င်းညီလာခံသို့ တက်ရောက်ကြသော ထိုစဥ်က ဟားခါးဆပ်ဒီဗီဆီဇံ (ယခုဟားခါးမြို့နယ်၊ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်) မှ လူမျိုးစုအကြီးအကဲ (Chiefs of tribal) များနှင့် မျိုးနွယ် (Chieftian) များ၊ ရွာသူကြီးများ၏ စုပေါင်းဓာတ်ပုံဖြစ်သည်။ ဒီဓာတ်ပုံဟာလည်း ဖလမ်းဟာ မြို့တော်ဖြစ်ကြောင်း သက်သေပြတဲ့ သမိုင်းသက်သေတခု ဖြစ်ပါတယ်။ (ပုံ ၁၀ ကိုးကားရန်)
🔷 ၃) ၁၉၅၈ ခုနှစ်မှာ ဇိုမီးနှစ်ခြင်းကျမ်းစာကျောင်း (ယခု Chin Christian Institute of Theology) ကို ဟားခါးကနေ ဖလမ်းသို့ ပြောင်းရွှေ့ဖို့ စီစဥ်တဲ့အကြောင်း Rev. Robert Johnson က History of the American Baptist Chin Mission စာအုပ်ထဲမှာ အခုလို ရေးသားခဲ့ပါတယ်။
“ဇိုမီးနှစ်ခြင်းကျမ်းစာကျောင်း (Zomi Baptist Bible School) ကို ဟားခါးကနေ ချင်း၀ိသေသတိုင်းမြို့တော် ဖလမ်းကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ အခြေအတင် ငြင်းခုံခဲ့ကြတာ ကျွန်တော် မှတ်မိသေးတယ်။ ယေဘူယအားဖြင့် ဟားခါးနှင့်တောင်ပိုင်း အဖွဲ့တွေက ဟားခါးမှာ ဆက်လက်ထားရှိဖို့ လိုလားကြတယ်။ ဒါပေမယ့် ဖလမ်းနဲ့တီးတိန်ဘက်က ဖလမ်းမှာ ပြောင်းရွှေ့ဖို့ လိုလားကြတယ်။
ဟားခါးတွေရဲ့ အကြောင်းပြချက်ကတော့ .. ဟားခါးဟာ ချင်းပြည်ရဲ့ အလယ်ခေါင်မှာ တည်ရှိတယ်။ ကျောင်းမှာ သင်ကြားပေးနိုင်တဲ့ နှစ်ခြင်းသာသနာပြုတွေ အခြေချတဲ့နေရာလည်းဖြစ်တယ်။ သာသနာပြုနယ်မြေလည်း အကျယ်ကြီးရှိတယ်။ ခရစ်ယာန်သူ၊သားတွေကနေ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့ပေးနိုင်မယ်။ ကျမ်းစာကျောင်းအတွက် နေရာလည်းကောင်းမွန်တယ်။
ဖလမ်းဘက်ရဲ့ အကြောင်းပြချက်ကတော့ .. ဒီလိုမျိုး အဆင့်မြင့် ကျမ်းစာကျောင်းဟာ ချင်းတောင်ရဲ့ မြို့တော် (the capital of the Chin Hills) မှာရှိသင့်တယ်။ ကျမ်းစာကျောင်းကိုလည်း ယခုဇိုမီးကွန်ဗင်းရှင်း ရုံးစိုက်ရာနေရာမှာဘဲ ထားရှိမှာြဖစ်ပြီး ဇိုမီးနှစ်ခြင်းအသင်းတော်ရဲ့ ခေါင်းဆောင်တွေကနေ အနီးကပ်ကြီးကြပ်လို့ရမယ်။ ချင်းပြည်အတွင်းရှိ ခရစ်ယာန်တွေအတွက် ဖလမ်းဟာ ပိုပြီးတော့ ဗဟိုကျပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ပိုမိုကောင်းမွန်တယ်။ ကလေးမြို့ရဲ့ လေဆိပ်နဲ့လည်း ပိုနီးတယ်။ ကျောင်းသူ၊ကျောင်းသားတွေလည်း အစိုးရအရာရှိတွေနဲ့ ပိုမိုလွယ်ကူစွာ ဆက်သွယ်လို့ရမယ်။
ဇိုမီးနှစ်ခြင်းကျမ်းစာကျောင်းကို ၁၉၅၇ ခုနှစ်မှာ ကျင်းပတဲ့ ဇိုမီးနှစ်ခြင်းညီလာခံမှာ မြို့တော်ဖလမ်းမှာ ပြောင်းရွှေ့ဖို့ မဲခွဲဆုံးဖြတ်ခဲ့တယ်” (ပုံ ၁၁ ကိုးကားရန်)
Rev. Robert Johnson အနေဖြင့် ဒီအကြောင်းတွေဆွေနွေး ရေးသားတဲ့အချိန်မှာ ထိုအချိန် ချင်းတောင်ရဲ့ မြို့တော်ဟာ ဖလမ်းမြို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
🔷 ၄) ၁၉၆၄ ကနေ ဖလမ်းမှာ ခရိုင်၀န်အဖြစ်လည်းကောင်း၊ ခရိုင်လုံခြုံရေး နှင့် အုပ်ချုပ်မှုကောင်စီဥက္ကဌ အဖြစ်လည်းကောင်း တာ၀န်ထမ်းဆောင်ခဲ့တဲ့ ဦး၀မ်းတင် ကလည်း “ဖလမ်းမြို့ ၀ိသေသတိုင်းမြို့တော်” ဆိုတဲ့ ဆောင်းပါးထဲမှာ “ကျွန်တော်တာ၀န်ထမ်းဆောင်စက ဖလမ်းမြို့သည် ၀ိသေသတိုင်း၏ မြို့တော်၊ ထို့နောက်မှ အချက်အချာကျသော ဟားခါးမြို့သို့ ပြောင်းရွှေ့လိုက်ရသည်” လို့ရေးသားထားပါတယ်။ (ပုံ ၁၂ ကိုးကားရန်)
▶ဖလမ်းမြို့ဟာ ချင်း၀ိသေသတိုင်းရဲ့ မြို့တော် ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တင်ပြတဲ့ အထက်က သမိုင်းတွေက သက်သေခံနေပါတယ်။ တချို့ကရေးကြတယ် .. ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ အတွင်း ချင်းရေးရာကောင်စီဟာ ရန်ကုန်မြို့မှာရှိတဲ့အတွက် ဖလမ်းမြို့ ဟာ ချင်းပြည်ရဲ့ မြို့တော်မဖြစ်နိုင်ဘူး။ တဖန် ချင်းဦးစီးရုံးသည်လည်း ၁၉၆၂ မှ ၁၉၆၅ အတွင်း ကလေးမြို့မှာ ရုံးစိုက်ခဲ့တဲ့အတွက် ဖလမ်းဟာ မြို့တော်မဖြစ်နိုင်ဘူးဆိုပြီး ချင်းပြည်ရဲ့မြို့တော်ကို ရန်ကုန် ပြီးမှ ကလေးမြို့ အဖြစ်သတ်မှတ်ကြတယ်။ ဒီလိုရေးသားချက်တွေဟာ သမိုင်းသက်သေပေါ်မှာ ကိုးကားပြီး ရေးသားထားတာမဟုတ်ဘဲ သူတို့ရဲ့ စိတ်ကြိုက်သုံးသပ်ချက်အပေါ် ရေးသားထားတာတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ်နမိတ် ပြင်ပမှာရှိတဲ့ Town သို့ City ဟာဘယ်လိုနည်းနဲ့မှ ချင်းပြည်ရဲ့ မြို့တော်မဖြစ်နိုင်ပါ။ ချင်းပြည်ရဲ့မြို့တော်အကြောင်း ပြောလို့ရှိရင် ချင်းပြည်ထဲမှာရှိတဲ့ မြို့ဘဲဖြစ်သင့်တယ်။ ဥပမာ .. ချင်းပြည်ထဲမှ အတိုးတက်ဆုံး မြို့ကို ရွေးပါလို့ ပြောပြီး ချင်းပြည်ရဲ့ အတိုးတက်ဆုံးမြို့ဟာ ရန်ကုန်မြို့ ဖြစ်ပါတယ် ဆိုတဲ့သုံးသပ်ချက်မျိုး မှန်ကန်မှု မရှိနိုင်ပါ။ ချင်းပြည်ထဲက အကောင်းဆုံးကျောင်းကို ပြောလို့ရှိရင် ချင်းပြည်ထဲကကျောင်းကိုဘဲ ရွေးရတယ်မဟုတ်လား။ ချင်းပြည်ရဲ့ အကောင်းဆုံးကျောင်းဟာ ရန်ကုန်မြို့က ဒဂုံ ၁ ဖြစ်ပါတယ် ဆိုတဲ့သုံးသပ်ချက်မျိုး မှန်ကန်မှု မရှိနိုင်ပါ။ ဒါကြောင့် ချင်းပြည်ပြင်ပမှာရှိတဲ့ ရန်ကုန်နဲ့ကလေးမြို့ဟာ ဘယ်လိုနည်းနဲ့မှ ချင်းပြည်ရဲ့ မြို့တော်မဖြစ်နိုင်ပါ။ ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းသက်သေ အထောက်အထားလည်း မရှိခဲ့ပါ။ သိန်းဖေမြင့်ရဲ့ ၀ိသေသတိုင်းသမိုင်းအစ ဆိုတဲ့ ခရီးသွားမှတ်တမ်းစာအုပ်ထဲမှာတော့ “ချင်း၀ိသေသတိုင်း၏ မြို့တော်ကို ကလေးမြို့မှဟားခါးသို့ ရွှေ့ရန် အပူတပြင်းစီစဥ်လျက်ရှိ၏” ဆိုပြီးရေးသားထားပါတယ်။ ချင်း၀ိသေသတိုင်း၏မြို့တော်မှာ ကလေးမြို့ ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းသက်သေ အထောက်အထားမရှိခဲ့ပါ။
ဦးအိပ်ခ်ျလျန်တီာလ် ရေးတဲ ချင်းပြည်နယ်အုပ်ချုပ်ရေးသမိုင်း (၁၈၉၆ - ၂၀၁၉) စာအုပ်ထဲမှာ ဖလမ်းမြို့ဟာ ၁၈၉၆ - ၁၉၄၈ အတွင်း ချင်းပြည်နယ်၏ ပထမဆုံးသော မြို့တော်ဖြစ်သည် လို့ ရေးသားထားပါတယ်။ ဒါပေမယ့် သူဟာ ၁၉၄၈-၆၂ အထိ ချင်းပြည်ရဲ့ မြို့တော်ကို ရန်ကုန်၊ ၁၉၆၂-၆၅ အတွင်း ချင်းပြည်၏မြို့တော်ကို ကလေးမြို့အဖြစ် သတ်မှတ်ခဲ့တယ်။ သူဒီလို ရေးသားချက်အပေါ် ကျွန်တော် အတော်လည်း အံ့သြခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူအရင်ထုတ်၀ေတဲ့ “ချင်းပြည်နယ်အခြေခံပညာရေးသမိုင်း” စာအုပ်ထဲမှာတော့ “တော်လှန်ရေးကောင်စီအစိုးရက ဟားခါးမြို့အား ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ၏ မြို့တော်အဖြစ်သတ်မှတ်သည့် ၁၉၆၅ ခုနှစ်မတိုင်မီ ဖလမ်းမြို့သည် ခရိုင်မြို့တော်သာမက ပြည်နယ်၊ တိုင်းအဆင့်၌ ဌာနဆိုင်ရာရုံးစိုက်ရာ (ချင်းရေးရာ၀န်ကြီးမှအပ) ချင်း၀ိသေသတိုင်း၏ မြို့တော်လည်း ဖြစ်ခဲ့ပါသည် လို့ရေးထားပြီး ၁၉၆၅ ခုနှစ်မတိုင်မီ ဖလမ်းမြို့ဟာ ချင်း၀ိသေသတိုင်းရဲ့ မြို့တော်ဖြစ်ကြောင်း အသိမှတ်ပြု ရေးသားခဲ့တယ်။ သူရေးတာ ရှေ့နဲ့နောက်မညီဘူး ဖြစ်နေတယ်။ ၁၉၆၅ မတိုင်မီ ချင်း၀ိသေသတိုင်းရဲ့ မြို့တော်ဟာ ဖလမ်းမြို့ ဖြစ်တဲ့အကြောင်း ကျွန်တော်တင်ပြတဲ့ အချက်များစွာထဲမှ မြန်မာ့စွယ်စုံကျမ်း သမိုင်းမှတ်တမ်း တခုနဲ့တင် သက်သေခိုင်လုံပါတယ်။
တကယ်တမ်းတော့ ချင်းပြည်ရဲ့ မြို့တော်ဟာ ဖလမ်းကနေ ဟားခါးကို ပြောင်းရွှေ့ဖို့ ၁၉၆၅ ခုနှစ်မှသာ ကြိုးပမ်းခဲ့ကြတာ မဟုတ်ပါ။ ၁၉၅၈ ခုနှစ်မှာ မတ်လတွင်ကျင်းပသည့် ချင်းရေးရာကောင်စီ အစည်းအ၀ေးမှာ ဦးရာလ်မှုန်မှ တိုင်းမင်းကြီးရုံးအား ဟားခါးသို့ ပြောင်းရွှေ့ရန် တင်ပြခဲ့ပေမယ့် ချင်းရေးရာ၀န်ကြီး ဦးဇာဟရဲလျန်ကနေ ပယ်ချခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် ဦးရာလ်မှုန် ချင်းရေးရာ၀န်ကြီးဖြစ်တဲ့အချိန်မှာ ဖလမ်းမြို့က တိုင်းမင်းကြီးရုံးကို ဟားခါးသို့ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပြီး ဟားခါးမြို့ကို မြို့တော်အဖြစ် သတ်မှတ်တဲ့အမိန့်ထုတ်ခဲ့တဲ့အတွက် ဗိုလ်ချုပ်နေ၀င်းမှ သူ့ကို ချင်းရေးရာ၀န်ကြီးမှ ထုတ်ပယ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဦးအိပ်ခ်ျလျန်တီာလ် ရေးတဲ့ ချင်းပြည်နယ်အုပ်ချုပ်ရေးသမိုင်း (၁၈၉၆ - ၂၀၁၉) စာအုပ်ထဲမှာ အခုလိုရေးသားခဲ့ပါတယ်။ “၁၉၅၈ ခုနှစ်တွင် ပါလီမာန်ဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲ ကျင်းပဦးဆောင်၍ အိမ့်စောင့်အစိုးရတက်လာပြီး ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၀န်ကြီးချုပ်ဖြစ်လာပါသည်။ ဦးရာလ်မှုန်သည်လည်း ရွေးကာက်ပွဲတွင် အနိုင်ရလာခဲ့ပါသဖြင့် ၁၉၅၉ မတ်လ ၅ ရက်နေ့မှ ချင်းရေးရာ၀န်ကြီး ဖြစ်လာခဲ့ပါသည်။ ထိုစဥ်[၁၉၅၉]က ချင်းမြို့တော်အတွက် အကြိမ်ကြိမ်ဆန္ဒပြင်းပြလာခဲ့သော ၀န်ကြီး ဦးရာလ်မှုန်သည် ၀န်ကြီးချုပ်နေ၀င်း၏ သဘောတူညီချက်ကို ဦးစွာရယူခြင်းမပြုဘဲ တိုင်းမင်းကြီးရုံးကို ဖလမ်းမှဟားခါးသို့ ပြောင်းရွှေ့ခိုင်းခြင်းအားဖြင့် ဟားခါးမြို့ကို ချင်း၀ိသေသတိုင်း မြို့တော်အဖြစ် သတ်မှတ်လိုက်ပါသည်။ ၀န်ကြီးချုပ်နေ၀င်းမှ စည်းကမ်းဖောက်ဖျက်သည်ဟု ပြစ်တင်ကာ ရာထူးမှ နုတ်ထွက်စာတင်ခိုင်းပါသော်လည်း မတင်လိုပါသဖြင့် ချင်းရေးရာ၀န်ကြီးရာထူးမှ ဖြုတ်ချခံရသည်အထိ ကိုယ်ကျိုးစွန့်ခဲ့ပါသည်” လို့ ဦးအိပ်ခ်ျလျန်တီာလ်က ရေးသားထားပါတယ်။
[ကျွန်တော့မှတ်ချက်။ ၁၉၅၈ မှာ ပါလီမာန်ဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲ မရှိခဲ့ပါ။ ၁၉၅၆ ရွေးကောက်ပွဲမှာ ဟားခါးမဲဆန္ဒနယ်မှ လူမျိုးစုလွှတ်တော်အမတ်အဖြစ် ဦးရာလ်မှုန် ရွေးကောက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ဦးအိပ်ခ်ျလျန်တီာလ် ရေးသလို ဦးရာလ်မှုန်သည်လည်း ရွေးကာက်ပွဲတွင် အနိုင်ရတဲ့အတွက် ၀န်ကြီးချုပ်ဖြစ်ခဲ့တာ မဟုတ်ခဲ့ပါ။ ဖက်ဆစ်တော်လှန်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖ.ဆ.ပ.လ) နှစ်ခြမ်းကွဲခြင်းရဲ့ အကျိုးဆက်ကြောင့် သူ ချင်းရေးရာ၀န်ကြီး ဖြစ်လာနိုင်တာဖြစ်တယ်။ ၁၉၅၈ ခုနှစ် မေလ ၆ ရက်နေ့တွင် ဖ.ဆ.ပ.လ ပါတီသည် ၀န်ကြီးချုပ်ဦးနု ခေါင်းဆောင်သော သန့်ရှင်း ဖ.ဆ.ပ.လ နှင့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော တည်မြဲ ဖ.ဆ.ပ.လ ဟူ၍ နှစ်ခြမ်းကွဲသွားခဲ့သည်။ ၀န်ကြီးချုပ်ဦးနုသည်လည်း နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရထံသို့ အာဏာလွှဲခဲ့ရသည်။ လွတ်တော်ရဲ့ အတည်ပြုမှုနဲ့ ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့ အိမ်စောင့်အစိုးရဟာ ၁၉၅၈ အောက်တိုဘာမှ စတင်အသက်၀င်ခဲ့ပြီး အစိုးရပြန်လည် ဖွဲ့စည်းခဲ့သည်။ အိမ်စောင့်အစိုးရသည် ၆ လအတွင်း ရွေးကောက်ပွဲ ပြန်လည်လုပ်ဆောင်ရန်ဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်းသည် ချင်းရေးရာ၀န်ကြီးအတွက် ချင်းရေးရာကောင်စီမှ ရွေးကောက်ခံအမတ်များအတွင်း ဆုံးဖြတ် ရွေးချယ်စေခဲ့သည်။ ထို့ကြောင့် ချင်းအမတ်များအကြား မဲခွဲခဲ့ရတော့သည်။ ချင်းအမတ် ၁၄ ဦးထဲမှာ သန့်ရှင်း ဖ.ဆ.ပ.လ ဘက်မှာ ရပ်တည်သူ ၇ ဦးရှိပြီး တည်မြဲ ဖ.ဆ.ပ.လ ဘက်မှာ ရပ်တည်သူ ၇ ဦးရှိသည့်အတွက် ချင်း၀န်ကြီးမရွေးချယ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် တည်မြဲ ဖ.ဆ.ပ.လ ဘက်မှ သန့်ရှင်း ဖ.ဆ.ပ.လ ဘက်တွင်ရပ်တည်ခဲ့သည့် ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးထန်းလျန်အား တည်မြဲဘက်တွင် လာရောက်ပူးပေါင်းပါက ၀န်ကြီးချုပ်ရာထူးပေးမည်ဟု ကမ်းလှမ်းလာခဲ့ကြသည်ကို လက်ခံခဲ့ပြီး မဲရေတွက်မှာ တည်မြဲဘက်သို့ ၈-၆ ဖြစ်လာသည့်အတွက် တည်မြဲဘက်မှ ချင်းရေးရာကောင်စီ ဖွဲ့နိုင်ခဲ့ကြပြီး ဦးထန်းလျန်သည် ချင်း၀န်ကြီးဖြစ်လာခဲ့သည်။ ဦးထန်လျန်သည် သုံးလမျှသာ ၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်နေ၀င်းက သူဖွဲ့ထားသည့် အိမ်စောင့်အစိုးရအား ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဖျက်သိမ်းခဲ့ပြီး လွှတ်တော်သို့ အိမ်စောင့်အစိုးရ သက်တမ်းတိုးပေးရန် တောင်းဆိုခဲ့သည်။ လွှတ်တော်မှလည်း ဗိုလ်ချုပ်နေ၀င်း၏ တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပြီး အိမ်စောင့်အစိုးရကဘဲ ဆက်လက်တာ၀န်ယူခဲ့သည်။ ဒီလိုနဲ့ဘဲ တစ်ဖန် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ တွင် အိမ်စောင့်အစိုးရအား တစ်ဖန် ပြန်လည် ဖွဲ့စည်းခဲ့ရသည်။ တစ်ပြိုင်တည်း ချင်းရေးရာကောင်စီလည်း ပြန်လည် ဖွဲ့စည်းရန်ဖြစ်ပြီး ချင်း၀န်ကြီးရွေးချယ်ဖို့ အလှည့်ကျရောက်ပြန်သည်။ ဒီတစ်ကြိမ်တွင်မူ သန့်ရှင်း ဖ.ဆ.ပ.လ ဦးဆောင်သူ ဦးဇာဟရဲလျန် မှ လက်ဦးမှုရယူပြီး ဟားခါးနယ် လူမျိုးစုလွှတ်တော်အမတ် ဦးရာလ်မှုန်းကို ၀န်ကြီးနေရာအတွက် ကမ်းလှမ်းခဲ့သည်။ ဦးရာလ်မှုန်းကလည်း လက်ခံခဲ့ပြီး သန့်ရှင်း ဖ.ဆ.ပ.လ သည် ၈ မဲ (တည်မြဲ ၆ မဲ) ရရွိကာ ကောင်စီပြန်လည်ဖွဲ့နိုင်ခဲ့ပြီး ဦးရာလ်မှုန်းသည် ချင်းရေးရာ၀န်ကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။]
ဦးအိပ်ခ်ျလျန်တီာလ် ရေးသားတဲ့အချက်ကို ကြည့်ခြင်းအားဖြင့် သူဟာ ချင်းပြည်အတွင်းရှိ အဆင့်မြင့်ဆုံးရုံး ဖြစ်သည့် တိုင်းမင်းကြီးရုံး ရုံးစိုက်ရာ ဖလမ်းမြို့ကိုတော့ မြို့တော်မသတ်မှတ် ခဲ့ပေ။ ဒါပေမယ့် တိုင်းမင်းကြီးရုံးပြောင်းပြီး ဟားခါးကိုတော့ မြို့တော်သတ်မှတ်လို့ရတဲ့ အဖြစ်မျိုးဖြစ်နေပါတယ်။
မည်သူ့ပင်ဆိုစေကာမူ ဖလမ်းမြို့သည် ချင်းပြည်ရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ အချက်ဟာ သမိုင်းက သက်သေခံနေပါတယ်။ ကျွန်တော်တင်ပြတဲ့ သမိုင်းအချက်အလက်တွေဟာ ဖလမ်းအသိုင်းအ၀ိုင်းပြင်ပက ပြုစုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါက်တာဗွမ်ဆောန် ရေးသားတဲ့ ချင်းပြည်ရဲ့ မြို့တော်ကို ဖလမ်းကနေ ဟားခါးကို ဘယ်လိုပြောင်းရွှေ့ခဲ့ရတာလဲ ဆိုတဲ့ဟာလည်း သူ In Search of Chin Identity စာအုပ်ကို ၀ေဖန်သုံးသပ်ထားတဲ့ စာအုပ် (Book Review of In Search of Chin Identity by Dr. Vumson Suantak) ထဲမှာ ဖတ်ရှုနိုင်ပါတယ်။
သမိုင်းသက်သေတွေကို ကြည့်ခြင်းအားဖြင့် ဖလမ်းမြို့ဟာ ၁၉၆၅ မတိုင်မီ ချင်းပြည်၊ ချင်း၀ိသေသတိုင်း (ယခုချင်းပြည်နယ်) ရဲ့ မြို့တော်ဖြစ်တယ်ဆိုတယ် သမိုင်းက သက်သေခံနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျွန်တော်တို့ အဖေ၊ အမေတွေရဲ့ ခေတ်မှာ ဖြစ်ပွားတဲ့ ဖြစ်စဥ်ဖြစ်တဲ့ အလျောက် သက်ရှိထင်ရှား မျက်မြင်သက်သေတွေ လူအများစုပါ။ စတုတ္ထတန်း ပထ၀ီဘာသာရပ်မှာတင် ချင်း၀ိသေသတိုင်းရဲ့မြို့တော်ဟာ ဖလမ်းမြို့ဆိုပြီး သင်ကြားခဲ့ကြသူတွေ သက်ရှိထင်ရှား ရှိနေတုန်းပါ။ ၁၉၇၃ နောက်ပိုင်းထုတ်တဲ့ ဖတ်စာအုပ်တွေမှာသာ ပြောင်းလဲခဲ့တာဖြစ်တယ်။ ဒါကြောင့် ဖလမ်းမြို့ဟာ ၁၉၆၅ ခုနှစ်မတိုင်မီ ချင်းပြည်ရဲ့ မြို့တော်ဖြစ်ပြီး ဟားခါးမြို့သည် ၁၉၆၅ နောက်ပိုင်း ချင်းပြည်ရဲ့ မြို့တော်ဖြစ်တယ်လို့ တဦးနှင့်တဦး၊ တဖက်နဲ့တဖက် သမိုင်းကို အပြန်အလှန် အသိမှတ်ပြုလေးစားကြရင်း ရှေ့ဆက်ကြပါစို့လို့ နိဂုံးချုပ်ပါရစေ။
.
Credit : Van Cung Lian (UK)
Chin State Khuapi Khalkha in angahna thu. Gelh - Dr. Vum Son
Dr. Vumson in Manglai tawh a gelh hi aa, Sia Zam Sian Sum in Zolai in hong letkhia ahih manin Zomi Nam Network ah hong khah hih sungah a ki koih kik ahihi. Deihsakna tawh hong letkhia ahi Sia Zam Sian Sum tungah lungdamna ih ko hi.
Haka in Zogam khuapi angahna (or) Zogam khuapi Haka ah akituahna tawh kisai mimal kingawhna leh kimawh sakna zong om zeuhzeuh hi. Atheician pawlkhat omding a, atelcianlo zong ki-om theiding ahih manin hong suaksak hi-ing. Pu Moong (Col. Khen Za Moong) nangawn in hihvai tampi nagen lo hi. Banghang hiam cihleh tuahun laitak in amah hihvaisai pawl ah nakihel lo, mundang ah na om ahih man ahi hi. Hihvai ah mawhsak nading tawm mahmah khading hi. Zomi sungah atheitel zawdeuh Dr. Vumson in Zogam khuapi Haka ah akituahna thu Dr. Lian Hmung Sakhong laibu tungtawn in ana thukikna, manlo asakna Manglai tawh nagelh hi. Hih anuai-a lai pen kei mimal muhna hilo in Dr. Vumson gelhbang a Zolai tawh alemthei bangin hong letkik hi-ing.
(Dr. Lian Hmung Zakhong in alaibu sungah, “Haka pen Mangkangte hong tuncil a kipan Zogam khuapi (nisuahna lam) hongsuak hi,” ci-in gelhmawk ahih manin tuatawh kisai thuhkikna lai honggelh hi-ing.)
Kei theih batna ciang ah Haka pen 1964 kum masiah Zogam khuapi suak ngeilo hi. Tuathu honggelh suk ning. Mangkangte’n Zogam honglak ciangin Thangmual ah phualsat masa uh hi. Sihzang leh akim apam teng hongzawh ciangun amakai galkapmaang Gen. White kici pa’ min tamsak in Thangmual pen Fort White naci uh hi. Tua Fort White pen Sihzang kual sungah om hi. 1892 kumin Sihzang leh Tedim lam ukpi makaite kipawlin honguk Mangkang Ulian Carey nasuamsawm uh hi. Tuavai ah mapangpite in Kaptel pan Thuam Thawng leh atapa Pau Dal, Heilei pan Khan Dal leh Sihzang ukpite ahi uh hi. Amau tengin Carey tungah hongpai in letsong hong pianuam ung ci-in nasam uh hi. Ahih hangin akiciam ni un Carey pen atungsiahte’n mundang paiding nasawl ahih manin amah tangin Zakhai mi (Arakanese) Myo-Ok hong paiding cihiau hi. Asuamdingte inzong hih Myo-Ok pen Mangkangte’ ading nasem mikhat ahihciang suam veve ni ci-in khensat uh hi. Tua ciangin Lusei, Haka, Tlasun, leh Zahau ukpite zasak uh a, amau zong na thukimpih uh hi. Tua misuam na huhau-in Mangkangte in aphualpi uh Falam ah tuahto uh a, Zogam khuapi nasuak hi. Tualaitak in Zogam (Chin Hills District) pen Tedim, Falam leh Haka gamteng huam hi. Zogam galkapte in Falam ah kiphualsat uh hi. Tua galkapte lakah vaite leh tualmi kihelh zau-in omkhawm uh hi. Tualsung mite hong zakhan masiah amaikai zalian zawdeuh te pen Mangkang te vive mah nahi uh hi. Falam ah azalian pen Deputy Commissioner ciang ahi hi. Falam ah Laito, Sikkhau zum leh Palik lente kilam hi. Tua ahih manin Falam pen 1892 kumpan in Zogam khuapi nasuak hi.
Kawlgam suahtakna ngah ciangin Matupi, Mindat, Pakokku khawksung a om Kanpetlet leh Arakan gam a om Paletwa te Zogam ah hong kigawm hi. Hihteng kigawm pen ‘Chin Special Division’ nakici masa a, akhuapi dingin Falam mah na kizang hi. Zogambup makaipi (Minister of the Chin Affairs) pen Mindat panin Pu Vumtu Maung hi-in, amah pen Falam ah tulo in Zangkong (Rangoon) ah kumpi uliante tawh omzaw hi. Zogam ah Menzi papen Falam ah om in ki-ukna vai atamzaw ama thuneihna nuai-ah kikoih hi. Tuakhit (AFPFL Party pan) teelnangah Kawlgam kumpi khutnuai-ah Pu Sing Htang leh Pu Za Hre Lian te in Zogambup makaipi hongsem leuleu uh hi. Amau zong Zangkong mah ah omzaw uh hi.
1958 kum ciangin AFPFL party te hong kitamh in pawlnih hongsuak uh a, Stable AFPFL te in mitam ngahzaw uh hi. Tua manin Haka tualsuak Pu Ral Hmung pen Zogambup makaipi hongsuak hi. Makaipi asuahphet in Zogam khuapi Haka ah tuah dingin thu napia hi. Akituah ma-in Gen. Ne Win in thei ahih manin nang thu in tawpnuam zawmaw, ken hong tawpsak zawding naci lian hi. Tua cianign Pu Ral Hmung zong amathu in tawppah a, Zogam khuapi zong Haka ah kituah nawnlo phot hi.
Gen. Ne Win in 1962 kum ciangin aana ho

ချင်းမျိုးနွယ်စုအသီးသီးကို မွှေနေသော CNF/CNA

•၁၉၆၃ ခုနှစ် ဗမာ့တပ်မတော် စစ်ဦးချုပ် ဦးနေဝင်းမှ အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ၁၉၈၈ မတိုင်မီအထိ Chin Hills မှာ Chins တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ခိုင်ခိုင်မာမာ ရပ်တည်ဖွဲ့စည်းနိုင်ခဲ့ခြင်းများ မရှိခဲ့ပေ။

• ၁၉၆၃/၁၉၈၈ ခုနှစ်တွင် ဗမာ့ကျောင်းသားများအရေးခင်းဖြစ်ပေါ်သည့်နောက်ပိုင်း Chin Hills ဒေသမှ ချင်းကျောင်းသားများသည်လည်း ပြည်ပနိုင်ငံအသီးသီးများသို့ နိုင်ငံရေးခိုလုံခဲ့ကြကာ ထိုင်းနိုင်ငံတွင် Salai Myo Aye ဦးဆောင်သော Chin National Organization (CNO), Pu Mang Khan Pau ဦးဆောင်သော Zomi Liberation Front (ZLF)နှင့် အိန္ဒိယနိုင်ငံl မီးဇိုရမ်ပြည်နယ်တွင် Pu Mang Tling ဦးဆောင်သော Chin Democratic Party (CDP), Pu Hlan Thang ဦးဆောင်သော Chin Regulation Force(CRF), Pu Tial Khal ဦးဆောင်သော Chin National Front (CNF),Pu Sang Hlum, Pu Zing Cung,Pu Sui Khar တို့ ဦးဆောင်သော Burma Democratic Front (BDF)တို့အား Pu Tial Khai ဦးဆောင်သော CNF နှင့် Pu No Than Kap စုစည်းခဲ့သော Chin National Army(CNA)များသို့ ၁၉၈၈ ခုနှစ်l နိုင်ဝင်ဘာလ ၁၄ ရက်နေ့တွင် သွေးစည်းညီညွတ်စွာဖြင့် အားလုံးစုစည်းလာနိုင်ခဲ့ကြသည်။

•၄င်း စုစည်းနိုင်ခဲ့ကြသည့် ၁၉၈၈ ခုနှစ်l နိုင်ဝင်ဘာလ ၁၄ ရက်နေ့မှ ၁၉၉၂ ခုနှစ်l ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ (၄)နှစ်
ကြာ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ချင်းအမျိုးသားတပ်မတော်(CNA)အား Chin Hills(ချင်းတောင်)ဒေသအသီးသီးအား ကိုယ်စားပြုနိုင်သည့် အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ သို့သော်လည်း Burma Democractic Front အဖွဲ့သား Pu Zing Cung များမှ CNF/CNA ဥက္ကဌ Pu No Than Kap အား ပစ်သတ်(အာဏာ)သိမ်းရန် ကြံစဉ်လုပ်ဆောင်ခဲ့ရသဖြင့် ၁၉၉၂ ခုနှစ်l ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Chin တောင်ကိုယ်စားပြုနေသော CNF/CNA အဖွဲ့အစည်းအား အသီးအသီး အမွာမွာ ပြိုကွဲလာခဲ့ကြပြီး ဖလမ်းသားနှင့် တီးတိန်(Zomi)သားများအဖွဲ့သည် CNF/CNA မှ အသီးသီး ရပ်နားခဲ့ကြသည်။ ထို့နောက် CNF/CNA တွင် Burma Democratic Front ဦးဆောင်သော ဟားခါးအဖွဲ့နှင့် အခြားသော မျိုးနွယ်စုအနည်းငယ်အဖွဲ့များသာ ကျန်ရှိပြီး ယနေ့အထိ CNF/CNA အား ဦးဆောင်မှု ပြုလျက်ရှိပါတော့သည်။
• ၁၉၉၂ ခုနှစ်l ဒီဇင်ဘာ ၁၂ ရက်နေ့မှာ CNF/CNA အဖွဲ့အစည်းအတွင်း၌ အချင်းချင်း အာဏာသိမ်းမှုများဖြစ်ပေါ်လာခဲ့ပြီးနောက် CNF/CNA တော်လှန်ရေးအဖွဲ့အစည်းသည်
ချင်းပြည်နယ်တစ်ခုလုံးအား ကိုယ်စားပြုနိုင်ခြင်းမရှိတော့ပဲ CNF/CNA ထောက်ခံသူများအဖွဲ့အစည်းကိုသာ ကိုယ်စားပြုသော ချင်းအမည်ခံ CNF/CNA တပ်အဖြင့်၌သာ ရပ်တည်ခဲ့ကြသည်။
• ၁၉၉၂ ခုနှစ်မှ ၂၀၀၉ ခုနှစ် နောက်ပိုင်းအထိ CNF/CNA သည် စစ်အာဏာရှင် ဗမာ့တပ်မတော်ကဲ့သို့ ဟားခါးမြို့နယ်l ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်အတွင်းရှိ ကျေးလက်နေ ဆင်းရဲသားကျေးရွာပြည်သူလူထုများထံမှ လက်နက်ပြ/ဓါးပြပြီး ငွေကြေးကောက်ခံခြင်းl ကျေးလက်နေပြည်သူများအား အမျိုးမျိုး ရိုက်နက်ခြင်းl သတ်ဖြတ်ခြင်းl ကျေးရွာအသီးသီးရှိ အိမ်မွေးတိရိစ္ဆာန်များကို ပစ်သတ်စားသောက်ခြင်းနှင့် အမျိုးမျိုးသောင်းကျန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ကျေးလက်နေဆင်းရဲသား မိဘပြည်သူများမှ စစ်အာဏာရှင် ဗမာ့တပ်တော်ကဲ့သို့ CNF/CNA အဖွဲ့အစည်းအား နှစ်စဉ်နှစ်တိုင်း ကြောက်ရွေ့နေရသဖြင့် ဘေးလွတ်ရာ ဒေသအသီးသီးများသို့ ထက်ပြေး ပုန်းစောင်နေခဲ့ကြရသည့်အပင် ချင်းသူပုန်ဟုလည်း ခေါ်ဆိုခဲ့သူ မနည်းခဲ့ပေ။
• ၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာပြီး ၂၀၁၁ ခုနှစ်l သြဂုတ်လ ၁၈ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးစာချုပ်(NCA)လက်မှတ်ထိုးကြရန် ဖိတ်ကြားခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၅)ဖွဲ့နှင့်တစ်ဖွဲ့ချင်း ပြည်နယ်အဆင့်l ပြည်ထောက်စုအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်(၃၉)ခုကို ချုပ်ဆိုခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ အဆိုပြုချက်အရ စုဖွဲ့ဆွေးနွေးပွဲများကို ၂၀၁၃ ခုနှစ် l နိုဝင်ဘာ ၄ ရက်နေ့တွင် စတင်ဆွေးနွေးခဲ့ပြီး NCA သဘောတူညီချက်စာချုပ်ကို ၂၀၁၅ ခုနှစ်l သြဂုတ်လ (၇)ရက်နေ့တွင် ပြီးစီးခဲ့သည်။
• ထိုအချိန်၌ ချင်းပြည်နယ်မှ CNF/CNA အမည်ခံအုပ်စုတစ်ခုသည် လူအင်း(၂၀၀)ခန့်လောက်သာတည်ရှိပြီး NCA လက်မှတ်ရေးထိုးမည့်အချိန်တွင် "ခင်ဗျားတို့ CNF/CNA ဟာ ချင်းလူမျိုးကိုယ်စား မဟုတ်ဘူး။ ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအား ကိုယ်စားပြုနိုင်ဖို့အတွက် မျိုးနွယ်စုအဆင့်/ မြို့နယ်အဆင့် သဘောတူညီမှုမှတ်တမ်းတွေနှင့် လာရောက်ဆွေးနွေးတင်ပြပါ"ဟု ညွှန်ကြားလိုက်သည့်အခါ CNF/CNA အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ သူတို့ဆွဲခေါ်နိုင်သည့် လူဂ္ဂိုလ်များကို CNF/CNA အထဲသို့ ဆွဲခေါ်ပြီး ဗမာ့တပ်မတော်၏ လမ်းညွှန်မှုပြုသည့်အတိုင်း NCA လက်မှတ်ကို ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စားအမည်ခံအဖြင့် လက်မှတ်ထိုးခဲ့ကြပါသည်။ သုိ့သော် NCA လက်မှတ်သည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း၏ သဘောတူညီချက်များ မပါရှိပေ။
• NCA လက်မှတ်ထိုးခဲ့ကြပြီးနောက် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးများတွင် စီးပွားရေးကုန်သွယ်ရေးရုံးဖွှင့်လှစ်ရန်ကြိုးစားလာခဲ့ကြပြီး ဖလမ်းမြို့နှင့် တီးတိန်မြို့များတွင် ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်ရန်အတွက် ကန့်ကွက်ခြင်းခံခဲ့ရသဖြင့် ဖွင့်လှစ်နိုင်ခြင်းများမရှိခဲ့ပေ။ သို့သော်လည်း ဖလမ်းမြို့နယ်l ရိဒ်ခေါ်ဒါရ် အမှတ်(၂)ရပ်ကွက်တွင် ကုန်သွယ်ရေးရုံးများဖွင့်လှစ်ခဲ့ပြီး ယင်းမှတစ်ဆင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမဖြစ်ပေါ်လာမှီအထိ CNF/CNA အမည်ခံအဖြင့် NCA လက်မှတ်တွင် ပါဝင်ခဲ့သူ ပုဂ္ဂိုလ်များအားလုံးလိုလိုသည် NGO/INGO နှင့် ကိုယ်ကျိုးစီးပွားရေး အသီးသီးသာ ရှာခဲ့ကြပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် CNF/CNA အဖွဲ့အစည်းသည် Hakha/Thantlang နယ်သားအများဆုံးသာ ပါဝင်သည်ကို သိရှိရသည့်အတွက် ချင်းပြည်နယ်l ထန်တလန်မြို့နယ်l လက်ရှိ Campa Victoria ဒေသအနီးကျေးရွာ(၇)ရွာကျော်လောက်ကိုသာ CNF/CNA ၏ ထိန်းချုပ်နယ်မြေအဖြင့် သတ်မှတ်ပေးခဲ့လိုက်ပါည်။ ယင်း CNF/CNA Camp ၌
ထန်ထလန်မြိ့ရှိ စကစတပ်အဖွဲ့များနှင့် အကြိမ်ကြိမ်လာရောက်ပြီး အပြန်အလှန် ရင်းနှင်းမှုဆုပေးပွဲများကိုလည်း ပြုလုပ်ခဲ့ကြသည်။
• ထို့နောက် ၂၀၁၃ -၂၀၁၉ ခုနှစ်အကြားတွင် ချင်းပြည်နယ်l မြို့နယ်အလိုက် ကျေးလက်နေကျေးရွာအသီးသီးများသို့ သွားရောက်ပြီး CNF/CNA တပ်ထဲသို့ ဝင်ရောက်လိုပါက ဘာညာပိုက်ဆံပေးမည်စသဖြင့် အမျိုးမျိုးသွေးဆောင်ပြီး တပ်သားသစ် စုဆောင်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ တစ်ချို့သည် CNF/CNA ထဲသို့ ဝင်ရောက်ခဲ့သည်။
• ၂၀၂၁ ခုနှစ် NLD နှင့် USDP(ဗမာ့တပ်မတော်ပါတီ)အချင်းချင်းကြား အာဏာသိမ်းမှုများဖြစ်ပေါ်သည့်အခါ ထန်တလန်အခြေချ CNF/CNA အဖွဲ့အစည်းသည် NCA လက်မှတ်
တွင် ပါဝင်ခဲ့သည့် Chin အမည်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့်
အတွက် ဒေသအလိုက်/ မြို့နယ်အလိုက် စကစအား စတင်
တော်လှန်တိုက်ခိုက်နေသည့်အချိန်တွင် ၄င်းအား ပါဝင်ခဲ့ခြင်းများ မရှိခဲ့ပေ။ သို့သော်လည်း နောက်ပိုင်းတွင် အခြေအနေဆိုး
ဝါးလာသည့်အခါ NCA လက်မှတ်ထိုးခြင်းအား ရုတ်သိမ်းကြောင်းကြေညာပြီး ယင်းမှစတင်ပြီး နွေးဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ စကစအား တိုက်ခိုက်ပါဝင်လာခဲ့ပါသည်။
• တစ်ဘက်တွင် ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်
အတွင်းရှိ ချင်းလူမျုိုးနွယ်စုများကို CNF/CNA မှ မိမိ လက်ကိုင်အသုံးချနိုင်ရေးအတွက် CDF- lautu, CDF- Zophei, CDF- Mara, CDF- Senthang, CDF-Daai စသဖြင့် အသီးသီး မွေးထုတ်ပေးခဲ့ပါသည်။
နောက်ဆုံးဖလမ်းမြို့နယ်နှင့် Tedim/Tonzang အတွင်းရှိ CDM-Siyin,CDF- Thahdo/ Zo , CDF -Hualngo နှင့် CDF- Zanniat တို့ကိုလည်း မွေးထုတ်ပေးခဲ့သည်။ လက်ရှိတွင်လည်း ဖလမ်းမြို့နယ်အတွင်းရှိ ငွန်းမျိုးနွယ်စုများကိုလည်း လက်ကိုင်အသုံးချနိုင်ရေးအတွက် ငွန်းလက်နက်ကိုင် တည်ထောင်ဖို့ရန်အတွက် အမျိုးမျိုးကူညီစည်းရုံးခြင်းများလည်း လုပ်ဆောင်လာခဲ့ကြသည်ကို သိရသည်။
ထိုကဲ့သို့ မျိုးနွယ်စုအား လက်ကိုင်အသုံးချနိုင်ရန်အတွက် မွေးထုတ်ထားခဲ့ခြင်းသည် ခေတ်အဆက်ဆက် ဗမာ့တပ်မတော် ဦးနေဝင်း၏ သူ့ထက် သာလွန်သော အဖွဲ့အစည်းတစ်ခုအား မပေါ်ပေါက်လာနိုင်ရေးအတွက် မဟာလူမျိုးကြီးဝါဒ ကျင့်သုံး သကဲ့သို့ CNA မှ ကျင့်သုံးနေပါသည်။ ယင်းဓလေ့ကို လက်ရှိ CNF/CNA က ငါတို့သာ ချင်းပြည်နယ်ကိုယ်စား။ ငါတို့သာ ချင်းလူမျိုးကိုယ်စား။ ငါတို့ကသာ ချင်းပြည်ကို ဦးစီးဦးဆောင်ရမည်။ စိုးမိုးရမည်။ ငါတုိ့ထက် သာလွန်သော ချင်းလက်နက်ကိုင်အဖွဲ့အစည်းအား မပေါ်ထွက်စေရဟု ဝါဒကို အတည်ဆွဲကိုင်ပြီး နေရာတကာတိုင်းတွင် ဝင်ရောက် လျာရှည်
ပါဝင်ချင်နေသည်ကို တွေ့ရသည်။
• စကစကို ချင်းပြည်နယ်အတွင်းမှ စုပေါင်းတိုက်ထုတ်ရမည့်အစား CNF/CNA က ချင်းမျိုးနွယ်စုအသီးသီးများကို လက်ကိုင်အသုံးချပြီး CNF/CNA ၏ တပ်အင်အားဖြည့်တင်းတည်ဆောက်ရေးနှင့် CNF/CNA ကသာ ချင်းပြည်နယ်မြို့နယ်အသီးသီသို့ စိုးမိုးအာဏာတည်ဆောက်နိုင်မည်ဆိုသည့် လမ်းစဉ်ဘက်များကိုသာ မရိုးမသားစွာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားအားထုတ်နေလျက်ရှိပါသည်။
ချင်းပြည်နယ်အတွင်းရှိ ချင်းမျိုးနွယ်စုများကိုလည်း အချင်းချင်းအား သူ့ဘက်ကိုယ့်ဘက်ပါလာအောင် အမျိုးမျိုးမွှေနေကြသည်ကိုလည်း တွေ့ရသည်။ ၄င်း ချင်းမျိုးနွယ်စုအချင်းချင်း မွှေနေရမည့်အစား CNF/CNA အဖွဲ့အစည်းမှ တစ်ဆင့် ဒေသ/မြို့နယ်အလိုက်ရှိ CHIN လက်နက်ကိုင် အဖွဲ့အစည်းများ
ဘုံ Chin Army နှင့် Chin အဖွဲ့အစည်းတစ်ခု တည်ဆောက်လာနိုင်ရေးအတွက်သာ ကြိုးစားသင့်ပါသည်။
CNF/CNA သာ ချင်းပြည်နယ်ကိုယ်စား။ CNF/CNA ကိုသာ ချင်းလူမျိုးကိုယ်စားဆိုပြီး နိုင်ငံတကာl EAOsနှင့် ချင်းလူထုအချင်းချင်းအပေါ်မှာ မဟုတ်မမှန် အမျိုးမျိုးဝါဒဖြန့်နေခြင်းများကိုလည်း လုံးဝကို ရပ်တန့်ပြောင်းလဲသင့်ပါသည်။ ၄င်းဝါဒဖြန့်နေခြင်းက Chin လူမျိုးများအား သွေးစည်းညီညွတ်မှုထက် အချင်းချင်း ရန်ငြိုးဖြစ်ခြင်းနှင့် အားပြိုင်ရန်သူဖြစ်ခြင်းဘက်များကိုသာ ပိုမိုများစေပါသည်။ ထို့အပြင် ဗမာ့တပ်မတော် ကာချုပ် မင်းအောင်လိူင်၏ ကြွေးကြော်သကဲ့သို့ ပြည်ထောင်စု မြန်မာ့တပ်မတော်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တယ်ဆိုပြီး ကြွေးကြော်လိုက်ပြီး ကာချုပ်/စစ်ဦးစီးချုပ်အဆင့်မှာ ဗမာလူမျိုး/ဗုဒ္ဓဘာသာများသာ ခန့်အပ်ထားသည်။ ထိုကဲ့သို့ CNF/CNA ထဲမှာလည်း ချင်းမျိုးနွယ်စုအားလုံးပါဝင်တယ်ဟု ကြွေးကြော်ပြီး CNF/CNA ဦးစီးချူပ်အဆင့်များမှာ Hakha/Thantlang နယ်သားနှင့် CNF/CNA ထောက်ခံအားပေးသူ မျိုးနွယ်စုများကိုသာ နေရာပေးလိုက်ကြသည်။
• လက်ရှိ CNF/CNA ခေါင်းဆောင်မှုပြုနေသူများသည် ၁၉၈၈ ခုနှစ်ကတည်းက Chin အမည်ထက် Burma Democratic Front အမည်ဖြင့် ဗမာပြည်ထောင်စုအရေးကိုသာ ဦးစားပေးနေသည့်အပင် ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပေါ်လာသည့် နောက်ပိုင်းမှာလည်း ၁၉၈၈ တုန်းကလိုပဲ တိုင်းရင်းသားလက်နက်ကိုင် EAOs အထဲမှာ ရှားရှားပါးပါး ဗမာပါတီ NLD - CRPH-NUG နှင့် လက်မှတ်ထိုး ပူးပေါင်းခဲ့ကြပါသည်ကို အံ့သြမဆုံး ဖြစ်နေပါသည်။
မျိုးနွယ်စု အချင်းချင်းအားပြိုင်မှုနှင့် မြို့နယ်အလိုက် အားပြိုင်မှုအား ဆက်လက် မမြင့်တက်စေရေးအတွက် ဟားခါးအေခြချတပ်က ဟားခါးအတွင်းမှာနေပြီး တီးတိန်အခြေချတပ်က တီးတိန်အတွင်းမှာနေပြီး မင်းတပ်အခြေချတပ်က မင်းတပ်မှာနေပြီး ဖလမ်းအခြေချတပ်က ဖလမ်းအတွင်းမှာနေပြီး ယင်းအဆင့်မှ အချင်းချင်း အပြန်အလှန်လေးစား အသိအမှတ်ပြုမှုဖြင့် ချင်းအဖွဲ့အစည်းအားလုံး ပါဝင်နိုင်သော ချင်းပြည်နှင့် ချင်းအမျိုးသား တည်ဆောက်ရေး ဘုံစနစ်သစ်တစ်ခုကို ဝိုင်းဝန်းဖန်တီး တည်ဆောက်ကြရမှာဖြစ်သည်။

2020 Chin State Election Result (List of Chin MPs)



ချင်းပြည်နယ်တွင် NLD (၃၆), ZCD (၂), CNLD (၁) အနိင်ရ 2021-2026 Members of Parliament (Chin)
Tonzang
1. Pu Cin Suan Mang, NLD (အမျိုးသား)
2. Pi Cing Ngaih Mang, ZCD (ပြည်သူ့)
3. Pu Pau Lun Min Thang, ZCD (ပြည်နယ်)
4. Pu Kam Khen Mang, NLD (ပြည်နယ်)
Tedim
1. Pu Thang Do Cin, NLD (အမျိုးသား)
2. Pu Hang Khan Lian, NLD (အမျိုးသား)
3. Pu Piang Suan Mung, NLD (ပြည်သူ့)
4. Pu Mang Hen Dan, NLD (ပြည်နယ်)
5. Pu Thang Tuan Pau, NLD (ပြည်နယ်)
Falam
1. Pu He Dun, NLD (အမျိုးသား)
2. Dr. Salai Riang Vel, NLD (ပြည်သူ့)
3. Pu Ral Hnin, NLD (ပြည်နယ်)
4. Salai Lian Luai, NLD (ပြည်နယ်)
Hakha
1. Dr. Aye Aye Ngun, NLD (အမျိုးသား)
2. Pu Ngun Vung, NLD (အမျိုးသား)
3. Pu Tial Ling, NLD (ပြည်သူ့)
4. Pu Sonny Thang Cung, NLD (ပြည်နယ်)
5. Pu Siang Mang, CNLD (ပြည်နယ်)
Thantlang
1. Pu Henry Van Thio, NLD (အမျိုးသား)
2. Pu C. Za Cung, NLD (ပြည်သူ့)
3. Pu Chan Ham, NLD (ပြည်နယ်)
4. Pi Ni Sui Lian, NLD (ပြည်နယ်)
Mindat
1. Dr. Ngai Tam Aung, NLD (အမျိုးသား)
2. Pu Nyi Linn Aung, NLD (ပြည်သူ့)
3. Pu Thang Chuan Phe, NLD (ပြည်နယ်)
4. Pu Hung Naing, NLD (ပြည်နယ်)
Kanpetlet
1. Pi Khin Shwe Lwin, NLD (အမျိုးသား)
2. Pu Ngunt Win, NLD (ပြည်သူ့)
3. Pu Ki Aung, NLD (ပြည်နယ်)
4. Pu Phui Aa, NLD (ပြည်နယ်)
Matupi
1. Pu Lal Hmin Thang, NLD (အမျိုးသား)
2. Pu Ral Peng, NLD (ပြည်သူ့)
3. Pa Thang, NLD (ပြည်နယ်)
4. Pu Wi Kaw, NLD (ပြည်နယ်)
Paletwa
1. Pu Pyi Min, NLD (အမျိုးသား)
2. Pu Weih Tin, NLD (အမျိုးသား)
3. Bishop Sein Aung, NLD (ပြည်သူ့)
4. Pu Soe Htet, NLD (ပြည်နယ်)
5. Salai Myo Htaih, NLD (ပြည်နယ်)

Chin Ram Ah Ziang Ruangah CDF A Suak

 

2021 ih Ralkap in thuneihnak an lon hnu in Myanmar ram sung hmun tin ah duh phornak a phunphun a suak. Ralkap lam in hriamhrei hmang in zamzawhtu pawl an suam ruangah mipi lam tla in hriam kai an thok phah.

Asinan Chin mino pawl hrangah hriam kai hi rem an rak ti lo, ziangah tile CNF/CNA a rak um zo ruangah a si. Kan theih cia vekin 2021 hnu Chinram ih hriamkainak cu thlanglam Chinram in a thok. Mindat le Kanpalet lam mino pawl in ralhrang pawl do a ttul tiih an hmu tikah mahte do a rem lo an tiih CNF/CAN an rak pehtlaih. 2021 March 30 ah Mindat le Kanpalet mino pawl in CNF tang ihsin ralhrang do dingin an rak biak. Asinan CNF lam in rem an ti lo, a san cu CNF cu NCA ih telmi an si ruangah ti a si.

Neta lamah tla Mindat lam mino pawl CNF tang ih traning ding le CNF ih bawm ding in bomnak an dil, nan CNF lam in rem an ti lo, cumi cipciar thu pawl cu anmah CNF lam le Mindat Mino (a tui h CDF Mindat) pawl in an thei bik ko ding.

2021 Ralkap thuneihnak an lon hi, zo cio in rei a diah ding an zum lo. Kawl Politician pawl a simi, Min Ko Niang te pawl nih tla “tu hnu zarh khat kan tan thei cun, ralhrang pawl cu an cem,” tiah an ti. Cutiin zo cio ih rak ruat deuh cu a si hmang. CNF pawl tla a thok ah hi tiih an ruat tla cu mawh phurh ding a um fa-hran lo in ka hmu. Curuangah CDF lam tha an pek ngam lonak tla cu a si ding. Cun CDF tha pek ciamco sehla sumpai lam in le harsatnak an nei ding fawn. Culai ahcun tu vekin mipi hnen ihsin sum khawn a rak um lo tikah.

Ziangkhal sisehla Mindat le Kanpalet mino pawl ih March 30, 2021 ih an rak biaknak rak cohlang sehla cu Chinram ah tu vekin mah le pengtlang ciar in CDF a rak suak lo men ding.

Tusun dinhmun ahcun CDF Mindat cu Chinram hriamkai pawl lakih a cakbik pakhat tla an si. A thok ihsin thinlung lam ihsin cak zetin lai meithal thawn SAC ralhrang rak dotu an si. Asinan tu ahcun SAC dotu bu Dangdang thawn tla p[eh tlaih awnak nei in a tu ahcun, Chinram hriamkai pawl lakih a cakbik pakhat ah an cang.

ချင်း(53)မျိုးအကြောင်းအသေးစိတ်


၁-= ချို Cho၊

မျိုးနွယ်များ ၁။Mun ၂။ kang l၃။ khan chaak ၄။Daai

၂-။ အရှို Asho၊
မျိုးနွယ်များ ၁။kyuntu ၂။ottu ၃။Salai ၄။Laitu ၅။Sumtu ၆။စိုင်ဘောင်

၃=။ ဇိုမီ Zomi၊
မျိုးနွယ်များ ၁။ tedim/Paite ၂။ Z0(Yo) ၃။Thado ၄။ Sihzang

၄=။ မီဇို Mizo၊
မျိုးနွယ်များ ၁။Hunlngo ၂။ Hmar

၅=။လိုင်မီး Laimi၊
မျိုးနွယ်များ ၁။Laizo(Hlawnceu) ။၂။Sim/Zahau ၃။ Khuaism ၄။Zanniat ၅။Tlaisun ၆။ Ngswn ၇။Zophei
၈။Senthang ၉။ Mi-e ၁၀။Thawr ၁၁။Miram

၆=။ ခူမီး Khumi၊
မျိုးနွယ်များ
၁။ Khami ၂။Anu ၃။Khaungsu ၄။ Pawmnau ၅။Mro

၇=။ မတု Matu
မျိုးနွယ်များ ၁။ Batu ၂။Mara ၃။Lautu ၄။Zotung

ဆိုပြီးချင်းသမိုင်းရှာဖွေပြုစုရေးကော်မတီမှ 2001-ခုနှစ်ထုတ် “ချင်းလူမျိုးတို့၏သမိုင်းဖြစ်စဉ်နှင့်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအကျဉ်း”စာအုပ်မှာ မျိုးနွယ်ကွဲ ၃၁-မျိုးကိုဖော်ပြထားပါတယ်။တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ချင်းများ၊ဟားခါးနှင့်ထန်တလန်ရှိချင်းများ၊မင်းတပ်မြို့နယ်ရှိချင်းများ၊ပလက်ဝမြို့နယ်ရှိချင်းများ၊မြေပြန့်ရှိ အရှိုချင်း(ဆလိုင်းချင်း)များဆိုပြီး မြို့နယ်အလိုက် စာတမ်း ၇ စောင် သီးခြားတင်သွင်းပြီးမှ ပေါင်းစုဖော်ပြထားတာ ကိုတွေ့ရပါတယ်။

(၁) မယ်တိုင်
ကသည်း မေထေးချင်း၊မဏိပူရနေကသည်းလူမျိုးများ။ကုကီး-ချင်းအုပ်စုဝင်။ဘိုးတော်ဘုရားလက်ထက်က မဏိပူရကို သိမ်းပြီး သုံ့ပန်းများကို မန္တလေးတွင်နေရာချထားရာမှပေါက်ဖွားလာ။

၂.. ဆလိုင်း အရှိုချင်း(မြေပြန့်ချင်း)ကို ခေါ်သောအမည်ကွဲ။

၃.. အရှိုချင်း အရှိုချင်း(မြေပြန့်ချင်း)ကို ခေါ်သောအမည်ကွဲ။အရှိုချင်း Asho ကို မြေပြန့်ချင်း၊ဆိုင်ဘောင်ချင်း၊Kyuntu ကျွန်းတူချင်း၊Ottu အွတ်တူချင်း၊ ချင်းပုန်း၊ ချင်းပုတ်၊ ဆလိုင်းချင်း ၊စူမ်းတူချောင်းကြီးချင်း
လေးတူ လေးမြို့ချင်းသည်ဖြင့် ခေါ်ဆိုကြသည်။ ရခိုင်ပြည်နယ်ရှိ ခမီ၊ ခမွေ၊ မြိ ုတို့ဟာလည်း ဒီချင်းအုပ်စုဝင်များဟု ရေးသားကြတယ်။

၄.. ခမီ /Khami Myo မြို ခေါ်ခမီ၊ စွယ်စုံကျမ်းအရ မြန်မာအစုငယ်တွင် ပါဝင်တယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ပင်းချောင်း၊မီးချောင်းတလျှောက် နေထိုင်ကြတယ်။ပလက်ဝမြို့နယ်တွင် ခူမီချင်းများအား ခမိ၊ခမီ၊ခမီး၊အစရှိသဖြင့် ရေးသားဖော်ပြနေကြသလို မြိုကိုလည်း အဝခမီးအဖြစ် ဖော်ပြထားသည်။မြိုတို့သည် သကရဇ် ၁၃၁ မှ ၁၅၆ ထိ ၂၅နှစ်ကြာ ရခိုင်ထီးနန်းတွင် မင်းဆက်၂ ဆက်အုပ် ချုပ်ခဲ့ဖူးသည်။ ထို့ကြောင့်ခမီ၊ခမွီး၊ခမီး၊ခူမီး၊မြို၊မရို၊မရာ၊လေးမရိုခေါ်လေးမြို၊အောင်ခမီ စသည်ဖြင့်အမည်အမျိုးမျိုး ဖြစ်ပေါ်နေသော လူမျိုးစုဖြစ်နေတယ်။၁၉၉၀-ပြည့်ပါတီစုံအထွေထွေရွှေးကောက်ပွဲတွင် မြို ခေါ်
ခမီ အမျိုးသားညီညွတ်ရေးပါတီဖြင့် ဝင်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်အမတ်တဦး ရွှေးကောက်ခံထားရတယ်။ ကျေက်တော်၊မြောက်ဦး၊ပလက်ဝ၊ပုဏ္ဏာကျွန်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ကျောက်တော် မဲဆန္ဒနယ် ၂ မှဦး စံသာအောင် ရွှေးချယ်တင်မြှောက်ခံရတယ်။
၂၀၁၀-ရွေးကောက်ပွဲအတွက် မြိုခေါ်ခမီပါတီ၊ မြိုပါတီ။ ခမီပါတီ သုံးမျိုးထွက်လာနေတယ်။

၅.. အောင်ခမီ ခမီအမည်ကွဲတခုဖြစ်ရန်ရှိ။

၆.. လေးမြို့
လေးတူ ချင်းများဖြစ်နိုင်ချေရှိ ပလက်ဝမြို့နယ်လေးမြိုမြစ်(လည်မြိုမြစ်)Lemiro မြစ်နားတွင်နေထိုင်သောချင်းမျိုးနွယ်စု၊ လေးမရို ဟုလည်းခေါ် ကြတယ်။

၇.. ပါကင်းမ်
မရို မရို-မြိုနှင့်တူနိုင်တယ်။

၈.. ကလင်ကော
လူရှေ လူရှိုင်းချင်းကို ခေါ်ဆိုသောအမည်တမျိုး။ရှေးယခင်က လူရှေဟုခေါ်သည်။လူရှိုင်းတောင်တန်းတွင် နေထိုင်ကြတယ်။၁၉၆၃ တွင် တော်လှန်ရေး ကောင်စီက တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုခဲ့တယ်။

၉ လူရှိုင်း
လူရှေ ဖော်ပြခဲ့ပြီး။

၁၀.. ခေါနိူး တီးတိန်နှင့်တွန်းဇံမြို့နယ်ရှိ ချင်းမျိုးနွယ်စုများ။Khuano

၁၁.. ခေါင်စို့ ပလက်ဝမြို့နယ်ရှိ ချင်းမျိုးနွယ်စု။Khaung Su

၁၂... ခွါဆင်းမ် Khual Sim ဟားခါးနှင့်ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။ခွါလ်ဆိမ်ဟုရေးတယ်။

၁၃... ခွန်လီ
(ဆင်းမ်) Sim ဆိမ့်ဟုရေး။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။

၁၄... ဂန်တဲ့ Vangteh ဗန်တဲ့ဟုရေး။တီးတိန်ရှိ ချင်းမျိုးနွယ်စု။

၁၅.. ဂွေးတဲ့ Quite ဂွေးသဲဟုရေး။တီးတိန်ရှိ ချင်းမျိုးနွယ်စု။

၁၆... ငွန်း Ngawnငေါန်းဟုရေး။ဖလမ်းနယ်ရှိချင်းမျိုးနွယ်စု။စီယင်ချင်း၏အမည်တမျိုး

၁၇... ဆီတန် Sih-zang စီဇန်၊တီးတိန်ရှိ ချင်းမျိုးနွယ်စု။စီယင်ချင်း၏ အမည်တမျိုး။

၁၈... ဆင်တန် Senthang ဆင်တန်ဟုရေး။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။

၁၉... ဆိုင်းတန် Sai Zang ဆိုင်းဇန်ဟုရေး။တီးတိန်နယ်ရှိ ချင်းမျိုးနွယ်စု။

၂၀... ဇာတောင် Za hau ဇာဟောင်ဟုရေး။ဖလမ်းနယ်ရှိ ချင်းမျိုနွယ်စု။

၂၁... ဇိုတုံး Zo Taung ။မတူပီနယ်ရှိ ချင်းမျိုးနွယ်စု။

၂၂... ဇိုဖေ Zo phei ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။

၂၃... ဇို Zo (Y0) ရိုဟုလည်းခေါ်တယ်။တီးတိန်ရှိ ချင်းမျိုးနွယ်စု။

၂၄... ဇန်ညှပ် ဇန်နီယပ် Zangiat ဟုလည်းခေါ်။ဖလမ်းရှိ ချင်းမျိုးနွယ်စု။

၂၅... တပေါင် Ta pang ။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။

၂၆.. တီးတိန်
တဲဒင်မ် တီးတိန်နှင့်တွန်းဇံမြို့နယ်များအတွင်းရှိ ချင်းမျိုးနွယ်စု ၁၂ စုကိုပေါင်း၍တီးတိန်ချင်းဟုခေါ်တယ်။တီးတိန်ဇိုမီး
Tedim Zomi အဖြစ်လည်းခေါ်နိုင်တယ်။၁၉၉၀-ရွှေးကောက်ပွဲမှာ ဇိုမီးအမျိုးသားကွန်ဂရက်အမည်ဖြင့်
တီးတိန်၊ကလေး၊တွန်းဇံမဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတီးတိန်မဲဆန္ဒနယ် ၁ မှ ဦးပုကျင့်ရှင်းထန် ရွေးချယ်ခံရတယ်။

၂၇.. တေဇန် Tei Zang ။တီးတိန်နှင့်တွန်းဇံနယ်ရှိ ချင်းမျိုးနွယ်စု။

၂၈.. တိုင်ချွှန်း Tai Shun တာရွှန်းဟုလည်းခေါ်တယ်။ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။

၂၉.... တာဒိုး Tha do တာဒို၊တီးတိန်ရှိ ချင်းမျိုးနွယ်စုများ။

၃၀.. တောရ် Thawr ထောဟုခေါ်တယ်။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။

၃၁... ဒင်မ် Dim ။တီးတိန်နယ်ရှိ ချင်းမျိုးနွယ်စု။

၃၂... ဒိုင်(ယင်းဒူး) စွယ်စုံကျမ်းတွင် ကန်ပက်လက်အထက် စလင်းချောင်းနှင့်အခြားချောင်း တခုတွင် နေထိုင်သောချင်းလူမျိုးဟု ဖော်ပြတယ်။Cho-ချင်းလေးမျိုးတွင်Dai ပါရှိပြီး မတူပီနယ်တွင်လည်း နေတယ်။

၃၃... မကန်း မင်းတပ်မြို့နယ်တွင်တွေ့ရသောချင်းမျိုးနွယ်စု။kaangကာဏ်းဟုလည်း ခေါ်ကြသည်။

၃၄... မတူ Matu မတူပီမြို့နယ်ရှိ ချင်းမျိုးနွယ်စု။

၃၅... မီရမ်
(မရာ) Miran ထန်တလန်နှင့် မတူပီမြို့နယ်တွင်နေထိုင်သောချင်းမျိုးနွယ်စု။မရာMara ဟုလည် ကိုယ့်ကိုယ်ကို ခေါ်ဆိုကြတယ်။၁၉၉၀ ပြည့်ရွှေးကောက် ပွဲတွင် မရာပြည်သူ့ပါတီ အမည်ဖြင့် ပလက်ဝနှင့်မတူပီတွင် ယှဉ်ပြိုင်၊
မတူပီမဲဆန္ဒနယ် ၁ မှ ဦးရိုအုပ် ရွေးချယ်ခံရ။

၃၆.. မီအဲ Mi-e ၊ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။

၃၇... လင်တဲ Lente လဲင်သဲဟုရေး။
ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။

၃၈... လောက်ကု Lau Tu လောက်တူဟုခေါ်။ဟားခါးနယ်ရှိ ချင်းမျိုးနွယ်စု။

၃၉... လိုင် ဖလမ်းနယ်ရှိ ချင်းများကိုခေါ်ခြင်းဖြစ်တယ်။လိုင်ဇိုချင်းများကိုအမည်တမျိုးခေါ်ခြင်းဖြစ်နိုင်ပါတယ်။

၄၀.. လိုင်ဇို ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စု။Laizo။ Hlawn Geu လှောန်ကျဲအို ဟုလည်းခေါ်ကြတယ်။

၄၁.. ဟွာလ်ငို Hulngo ၊တီးတိန်နှင့်ဖလမ်းနယ်ရှိ ချင်းမျိုးနွယ်စုများ။

၄၂... အနူး Anu ပလက်ဝမြို့နယ်ရှိ ခူမီးချင်းမျိုးနွယ်စုဝင်။

၄၃... နာဂ ချင်းလူမျိုးနှင့်မဆိုင်။တိဘက်-မြန်မာအုပ်စုကြီးမှ နာဂအုပ်စုခွဲဝင်။ နာဂတောင်တန်းတွင် အဓိကနေ ထိုင်ကြတယ်။ ခန္တီး၊လေရှီး၊လေဟယ်မြို့နယ်များတွင် တွေ့ရတယ်။နာဂမျိုးကွဲပေါင်း များစွာရှိပြီး ထင်ရှားသော နာဂမျိုးစုများမှာ နောက်ကော်နာဂ၊တန်ဂန်နာဂ၊ဟေမြဲနာဂ၊ရန်ပန်နာဂ၊တန်ခူးနာဂ၊ပါရာနာဂ၊ခေါင်ဆိုင်နာဂ ၊ ရှာရာနာဂ၊ရာတနာဂ၊ မက်ဝဲယာနာဂ တို့ဖြစ်တယ်။

၄၄... ခေါင်ဆိုင်
ချင်း ခေါင်ဆိုင်ချင်းအနေဖြင့် မတွေ့ရဘဲ ခေါင်ဆိုင်နာဂ ကိုသာတွေ့ရတယ်။

၄၅.. တန်ခူး ဆွမ်ဘရာဘွမ်၊မန္တီးနှင့်မော်လိုက် မြို့နယ်များတွင် တွေ့ရတယ်။တာန်ခူးလ်Tangkhal ဟုရေးတယ်။နာဂထဲတွင် တန်ခူးနာဂလဲ ရှိနေတယ်။

၄၆... မာရင် နာဂအနွယ်တမျိုး

၄၇... ပနန်း ခမီချင်း( မြို) တမျိုး

၄၈... မွင်း ချိုမိီးချင်းအနွယ်၀င်

၄၉... နာဂအနွယ်တမျိုး

၅၀... အူပု ချိုးချင်းအနွယ်၀င်

၅၁... လျင်ကု နီပေါလ်နွယ်ဘွား တောင်ပေါ်သား။

၅၂... ရောင်ကု ချိုးချင်းအနွယ်၀င်

၅၃...လိုင်း lai ဟားခါ ထန်တလန် ချင်းအနွယ်ဝင်..

ပထမဆုံး ချင်းအမျိုးသားနေ့ ဘယ်မှာကျင်းပကြတာလဲ

"ချင်းအမျိုးသားများ ပညာမြှင့်တင်ရေးအဖွဲ"့ကို ၁၉၁၈ ဖေဖော်ဝါရီ ၂၀ တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။

၁၉၂၈ ဖေဖော်ဝါရီ ၂၀ တွင် " ချင်းတောင်ညီညွတ်ရေးအဖွဲ့ " ကို ခေတ်ပညာတတ်မျိုးချစ်ဦးဝမ်သူးမောင်းက ခေတ်ပညာအခြေခံရှိသောချင်းအမျိုးသားလူငယ်များအား စည်းရုံးကာ ချင်းအမျိုးသားများ၏ ပထမဆုံးနိုင်ငံရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည်။

အင်္ဂလိပ်အစိုးရက ၁၉၃၈ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကန်ပက်လက်၌ တွေ့ဆုံဆွေးနွေးရန် ချင်းအမျိုးသားများ ညီညွတ်ရေး အဖွဲ့သို့အကြောင်းကြာစာပို့ခဲ့သည်။

၁၉၄၈ ဖေဖော်ဝါရီ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းဝိသေသလုံးဆိုင်ရာ ညီလာခံ ကျင်းပသည်။ ထိုညီလာခံတွင် တီးတိန်မြိ့ုမှဦးထောင်ဇကိုင်းအဆိုတင်သွင်းရာ သဘာပတိ ဦးဝမ်သူးမောင်းမှ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ငါးထောင်ကျော်ခန့်ရှိ၍ ကန့်ကွက်သူ၁၇ ယောက်သာ ရှိသဖြင့်ယင်းအဆိုကို အတည်ပြုခဲ့သည်။
၁၉၅၀ အောက်တိုဘာ ၉ ရက်နေ့တွင် " ချင်းအမျိုးသားနေ့ သတ်မှတ်ရေး " အစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးမှနယ်ခဲ့ျတော်လှန်ရေး သမိုင်းစဉ်တလျှောက် ထူးခြားတိုက်ဆိုင်မှု အကြိမ်ကြိမ်ရှိခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ထိုအစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ပထမဆုံး ချင်းအမျိုးသားနေ့ကို ၁၉၅၁ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တောင်ပိုင်းခရိုင် မင်းတပ်မြို့တွင် ကျင်းပရာနိုင်ငံတော် ဝန်ကြီးချုပ်ဦးနု တက်ရောက်ခဲ့သည်။